Main menu

ရေပြောင်းဖူး

Powered by Drupal
Fri, 05/23/2025 - 13:59 -- consumer_admin

   ရေပြောင်းဖူးဆိုသည်မှာ ရေဝါး (ခေါ်) မြန်မာလိုဆိုရင်တော့ စပါးရိုင်းပင်ရဲ့ ပင်စည်ပိုင်းဖြစ်ပါသည်။ စပါးအရိုင်းဆိုတော့ စပါးပင်လိုပဲဆိုတော့ အရွက်ထပ်လေးတွေပါသည်။ အဲ့ပင်စည်ပိုင်းလေးနားကိုပဲ ခုတ်ယူလိုက်တော့ အရွက်အထပ်ထပ်လေးတွေနဲ့ ပြောင်းဖူးလေးလို အခွံလေးနဲ့ ပုံစံတူသွားလို့ ရေပြောင်းဖူး လို့ ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ရောင်းချလျှင် နှီးလေးနဲ့ အစည်းလိုက် ရောင်းတာ၊ အရွယ်သေးတော့ လေးတန်းပြောင်းလိုလိုနဲ့ ခွာကြည့်ရင်တော့ ပြောင်းဖူးစေ့မြင်ရတော့မဟုတ်၊ အသား ဖြူဖြူလေးတွေကို မြင်ရမည်ဖြစ်ပါသည်။ ရေပြောင်းဖူးကို လှီးချွတ်ပြီးတော့ ကြော်စားတာ၊ မုန်လာဥနီ၊ ကြာဇံတွေနဲ့ သုပ်စားလို့လည်းရပါသည်။ ပရိုတင်း လို့ခေါ်တဲ့ အသားဓာတ်နဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေ ပြည့်ပြည့်ဝဝပါတဲ့ အစားအစာတစ်ခု ဖြစ်ပါသည်။ ကယ်လိုရီလည်း နည်းပါးပါသည်။ မိုးကုတ်ဒေသတွင် ရေပြောင်းဖူးကို အများအပြားရောင်းဝယ်လျှက်ရှိကြောင်းနှင့် ရေပြောင်းဖူးသုပ်သည် စားသောက်ဆိုင်ကြီး များ၏ လူကြိုက်များသော စားသောက်ကုန်တစ်မျိုးဖြစ် ကြောင်းလည်းသိရပါသည်။

   အထူးသဖြင့်တော့ မန်းဂနိစ့် ပါဝင်နေတာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီးတော့ ဆဲလ်ကျန်းမာ ရေးအတွက် မိုက်တိုခွန်ဒရီယားတွေကို ထိန်းသိမ်းပေးပါသည်။ ပြီးတော့ သူက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေဖို့ ထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါသည်။ သုတေသနတွေအရဆိုရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများပါသည်။ ကိုယ်လက်စထရောလည်း နည်းတယ်ဆိုတော့ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတစ်ခုလို့ သတ်မှတ်လို့ရပါသည်။ ဆီးချိုအမျိုးအစား(၂) သမားတွေအတွက် ကောင်းမွန်တယ်လို့ဆိုပါသည်။  ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသည်။။ ဆာလောင်မှုကို ထိန်းသိမ်းပေးနိုင်တယ်။ ကယ်လိုရီကလည်း နည်းတယ်ဆို တော့ ခန္ဓာကိုယ်အလေးချိန်တက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါတော့မလဲနော်။ ပြီးတော့ ဖိုက်ဘာလို့ခေါ်ကြတဲ့ အမျှင်ဓာတ်ကလည်း ပါဝင်သေးတယ်ဆိုတော့ ဝိတ်ထိန်းချင်သူများ စားသုံးရန်သင့်တော်ပါသည်။ အစာလည်းဆေး ဆေးလည်းအစာ အနေနဲ့ ကောင်းကောင်းမွန်မွန်စားသုံးစရာ နောက်ထပ် အမယ်တစ်ခု ထပ်တိုးပါကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)