Main menu

နှမ်းစိုက်ပျိုးခြင်းအကြောင်းသိကြောင်းစရာ

Powered by Drupal
Thu, 05/22/2025 - 13:47 -- consumer_admin

     မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧကအများဆုံးဖြစ်သည်။ ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏ ၅၁.၃ ရာခိုင်နှုန်းရှိသည်။ နှမ်းကို အထွက်တိုးအောင် စိုက်ပျိုးနိုင်လျှင် စားသုံးဆီ အတွက် အထောက်အကူပြုနိုင်ကြောင်းသိရှိရပါသည်။ နှမ်းကို နှမ်းကြီး၊ နှမ်းလျင်ဟုခွဲခြား ထားပါသည်။ စိုက်ချိန်ပေါ်မူတည်၍ မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြိုရေသွင်းနှမ်း ဟုလည်းခွဲခြားထား သည်။ ဒေသအလိုက်၊ မြေအမျိုးအစားအလိုက် စနစ်အမျိုးမျိုးဖြင့် မြေယာပြုပြင် ထွန်ယက်စိုက်ပျိုး ကြသည်ကိုတွေ့ရှိပါရသည်။ မည်သည့်စနစ်ဖြင့်စိုက်စိုက်အပင်၏ သဘောသဘာဝ ဖြစ်စဉ်အရ အထွက်တိုးအောင် ပြုစုစောင့်ရှောက်ရမည့် သဘောတရား အတူတူပင်ဖြစ်ကြောင်းသိရှိရပါသည်။ 

     နှမ်းတစ်ဧက တင်း ၂၀ ကျော်ထွက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက် နိုင်ရန် ကောင်းမွန်သည့်မြေ၊ အထွက်နှုန်းကောင်းသည့်မျိုး၊ မှန်ကန်သောစိုက် စနစ်များဖြစ်ရန် အဓိကအရေးကြီးသည်။ လယ်မြေ၊ နုန်းမြေ၊ နုန်းသမမြေ၊ သဲနုန်းမြေ၊ ကိုင်းကျွန်းမြေများတွင် နှမ်းအထွက်ကောင်းသည်။ မြေချဉ်ငန်ဓာတ် (၅ .၅ မှ ၈) အတွင်း နှစ်သက်သည်။ ရေဝပ်သောမြေကို မကြိုက်ကြောင်းသိရှိရပါသည်။ မျိုးအနေဖြင့် ဆင်းရတနာ ၃၊ ၄၊ ၅ စသည့်မျိုးများသည် အထွက်ကောင်း၍ စိတ်ချရသည်။ တစ်ဧကအပင်တစ်သိန်းပြည့်စေရန် အပင်ပေါက်ကောင်းပြီး မျိုးသန့်ရန်လိုအပ်သည်။ မိုးကြိုရေသွင်းနှမ်းစိုက်ပျိုးလျှင် တစ်ပင်တိုင်နှမ်းမျိုးကို စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)