အုန်းရည်ကိုအချိန်ကြာကြာသောက်သုံးပေးခြင်းကြောင့်ရရှိလာနိုင်သောအကျိုးကျေးဇူးများမှာ
(၁) ကိုယ်ခံအားကောင်းမွန်ခြင်း
အုန်းရည်သောက်သုံးပေးခြင်းကြောင့်ကိုယ်ခံအားစနစ်ကိုသိသိသာသာကောင်းမွန်လာစေပါသည်
(၂) အားအင်ပြည့်လာခြင်း
တစ်ပတ်လုံး အုန်းစိမ်းရည်သောက်သုံးပေးခြင်းကြောင့်မိမိအနေနဲ့ Energy Drink သောက်သုံးထားသလို အားအင်ပြည့်စွမ်းပါသည်။ သဘာဝအုန်းစိမ်းရည်သောက်သုံးပေးခြင်းသည်ဘေးဉပ္ပါယ်အန္တရာယ်မရှိပါ။
(၃) အစာခြေစနစ်ကောင်းမွန်ခြင်း
အုန်းစိမ်းရည်သောက်သုံးခြင်းသည်အစာခြေစနစ်ကို ကောင်းစွာ အထောက်အကူပြုပါသည်။အစာကို များများစားလာနိုင်သလို သိပ်လည်းဝမလာနိုင်ပါဘူး။
(၄) ဝိတ်ကျလာနိုင်ခြင်း
အုန်းစိမ်းရည်သောက်သုံးပေးခြင်းကြောင့်ခန္ဓာကိုယ်အတွင်းအစာချေစနစ်ကောင်းလာနိုင်တဲ့အပြင် ဝိတ်လည်းကျမြန်စေပါသည်။
(၅) ခေါင်းကိုက်သက်သာစေခြင်း
အုန်းစိမ်းရည်သောက်သုံးပေးခြင်း၏ လေ့လာတွေ့ရှိချက်အရ အုန်းစိမ်းရည်သည်ခေါင်းကိုက် ဝေဒနာကိုလည်း သက်သာပျောက်ကင်းစေပါသည်။
အုန်းစိမ်းရည်သောက်သုံးပေးခြင်းကြောင့် သာမန်သွေးပေါင်ကျခြင်း၊ သွေးအားနည်းရောဂါဖြစ်သောသူများနှင့် နလန်ထလူမမာများ ၊ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲခြင်းဝေဒနာခံစားနေရသောသူများအတွက် အုန်းသီးစိမ်းတစ်လုံးနှင့် သီးစုံဓာတ်ဆားတစ်ထုပ် ရောဖျော်သောက်သုံးပေးခြင်းကြောင့် ဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
DOCA(ရှမ်း)