Main menu

ဆန်လုံးညို ခေါ် တောင်ယာဆန်နီ စားသုံးပေးသင့်ကြောင်း

Powered by Drupal
Wed, 05/21/2025 - 11:35 -- consumer_admin

               ဆန်အမျိုးအစားများစွာရှိသည့်အနက် ဆန်လုံးညိုသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသူများ နှင့် ကိုယ်ခန္ဓာဝိတ်ထိန်းနေသောသူများ အဓိကစားသုံးသောအရာအဖြစ် လူသိများကြပါသည်။ ဆန် လုံးညိုသည် ဖွဲ၊ ဆန်ကွဲများ မပါစေရန် အပေါ်ယံစပါးခွံကို ချွတ်ထားသော ဆန်တစ်မျိုးဖြစ်ပါသည်။ ဆန်လုံးညို၏အရောင်သည် ညိုတိုတိုအရောင်လေးဖြစ်ပြီး ရှည်မျောမျောပုံစံလေးရှိပါသည်။ ဆန်လုံး ညိုသည် နေ့စဉ်စားနေကျ ထမင်းဖြူထက် အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပိုမိုကြွယ်ဝပါ သည်။

               ဆန်လုံးညိုတွင် ပရိုတင်းဓာတ် ၅.၅၃ ဂရမ်၊ အဆီဓာတ် ၁.၉၆ ဂရမ်၊ ကာဘိုဟိုက်ဒရိတ် ၅၁.၆၇ ဂရမ်၊ အမျှင်ဓာတ် ၃.၂ ဂရမ် ပါဝင်ပါသည်။ ဆန်လုံးညိုတွင် ဓာတ်တိုးအာနိသင်ပါဝင်သောကြောင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များစွာ ပါဝင်သောကြောင့်လည်း ကိုယ်ခံအားကို ဖြည့်တင်းပေးနိုင်ပါသည်။ သွေးတွင်းကိုလက်စထရောနှင့် သကြားဓာတ်ကို ထိန်းညှိပေးနိုင်သောကြောင့် နှလုံးသွေးကြောကျဉ်းသူများနှင့် ဆီးချိုသမားများ ဆန် လုံးညိုကို တစ်ပတ်အတွင်း ထမင်းဖြူ အစားထိုးနှစ်ရက်လောက် စားသုံးပေးသင့်ပါသည်။ ဆန်လုံးညို သည် အမျှင်ဓာတ်ကြွယ်ဝပြီး ဗိုက်ပြည့်လွယ်သောကြောင့် ဝိတ်ထိန်းချင်သောသူများလည်း စားသုံး ပေးသင့်ပါသည်။ ဆန်လုံးညိုချက်ပြုတ်ရာတွင် ညထဲက အချိန်တစ်နာရီလောက် ရေစိမ်ထားပေးသင့် ပါသည်။

               ဆန်လုံးညိုသည် ထမင်းဖြူထက် အစာချက်ရချိန်ပိုကြာသောကြောင့် အစာချေဖျက်ရခက် သည့်အတွက် အစာအိမ်ရောဂါရှိသူများနှင့် ကျောက်ကပ်ရောဂါရှိသူများ မစားသုံးသင့်ပါ။ သေချာဖွတ် ထားခြင်းမရှိသော ဆန်လုံးညိုတွင် အာဆင်းနစ်အဆိပ်ပါဝင်မှုနှုန်းမြင့်မားသောကြောင့် ဆန်လုံးညိုကို ချက်လျှင် ရေစင်အောင် သေချာဆေးသင့်ပါသည်။ ဆန်လုံးညိုစားသုံးမည်ဆိုလျှင် အာဆင်းနစ် ပါဝင်မှုနည်းသည့် နိုင်ငံများဖြစ်သော အမေရိကန်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ဘက်မှ ထွက်သော ဆန် လုံးညိုကို သေချာဝယ်ယူသင့်ပါသည်။

DOCA (ပဲခူး)