Main menu

အာလူးကပေးသော ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Wed, 05/21/2025 - 11:22 -- consumer_admin

          သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများ  ရရှိစေနိုင်ပြီး နေထိုင်မှုပုံစံကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများခံစားရခြင်းကိုလည်း လျှော့ချပေး နိုင်ပါသည်။ မည်ကဲ့သို့ပင်ချက်ပြုတ်စားသောက်သည်ဖြစ်စေ အရသာရှိလှသော အာလူးသည် ကျန်းမာ ရေးအထောက်အပံ့များစွာပေးသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ သံဓာတ်၊ Phosphorous၊ ကယ်ဆီ ယမ်၊ ဇင့်တို့ပါဝင်နေသောကြောင့်  အရိုးများကိုသန်မာစေပြီး အရိုးကျန်းမာစေရန်အတွက် လိုအပ်သော ကော်လဂျင်ထွက်ရှိမှုကို လှုံံ့ဆော်ပေးပါသည်။ အရိုးပွတာမျိုးမဖြစ်စေရန်အတွက်လည်း ကယ်လ်ဆီယမ် နှင့် Phosphorousက အကောင်းဆုံးအားဖြည့်ပေးပါသည်။

          ဆိုဒီယမ်လျှော့စားခြင်းသည် သွေးပေါင်ချိန်ကို ထိန်းညှိနိုင်သော အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။ ပိုတက်ဆီယမ် ကြွယ်ဝသော အစားအစာများကိုစားသုံးပေးခြင်းကလည်း သွေးမတိုးအောင် အကောင်းဆုံး ကာကွယ်ပေးရာရောက်ပါသည်။ အာလူးတွင် ပိုတက်ဆီယမ်၊ ကယ်ဆီယမ်နှင့် မဂ္ဂနီ ဆီယမ်တို့ ပါဝင်နေသောကြောင့် သွေးပေါင်ကိုအကောင်းဆုံးထိန်းညှိပေးပြီး သဘာဝသွေးတိုးကျစေသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ထို့အပြင် အာလူးကိုစားသုံးပေးခြင်းဖြင့် နှလုံးကိုကျန်းမာစေနိုင်ခြင်း၊ မှတ်ဉာဏ်ကောင်းစေနိုင်ခြင်း၊ ကင်ဆာရောဂါကိုမဖြစ်စေရန်ကာကွယ်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေနိုင်ခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းညှိပေးနိုင်ခြင်း စသည့်ကျန်းမာရေးကောင်းကျိုုးအများအပြားကို ရရှိစေနိုင်သော ကြောင့် စားသုံးပေးသင့်သော အသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (ပဲခူး)