Main menu

ပဲခူးဈေးကွက်အတွင်းမှ ဂေါ်ဖီထုပ်

Powered by Drupal
Wed, 05/21/2025 - 11:19 -- consumer_admin

          ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အမျိုးအစားများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စားသုံးသူများ ကြိုက်နှစ်သက်သော အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို အများစုက အသားများနှင့်တွဲ၍ ကြော်စားခြင်း၊ ဟင်းချိုချက်၍သောက်ခြင်း၊ အသုတ်များထဲတွင်ထည့်သုတ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ်၍ စားသောက်လေ့ရှိကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ်သီးနှံ မဟုတ်ဘဲ တစ်နှစ်ပတ်လုံးဝယ်ယူစားသောက်နိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

          ဂေါ်ဖီထုပ်များကို ပဲခူးမြို့ပေါ်ရှိဈေးများနှင့် အနီးအနားတစ်ဝိုက်ရှိ မြို့ရွာများသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲခူးမြို့ပေါ်ရှိဈေးများတွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အလုံးအကြီးအသေးပေါ်မူတည်၍ (၁၀၀၀-၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)