
နှမ်းနက်တွင် ကျန်းမာရေးအကျိုးကျေးဇူးများ များစွာပါဝင်ပါသည်။ နှမ်းနက်ကို ကိတ်မုန့်၊ ပေါင်မုန့်၊ လက်ဖက်သုတ်စားရာတွင် ထည့်သွင်း၍ စားသုံးကြပါသည်။ သို့ရာတွင် ကျန်းမာရေး အတွက် များစွာအကျိုးရှိသည့် အာနိသင်များပါဝင်သော နှမ်းနက်ကို လူအများစု စားသုံးရန် မေ့လျော့ နေကြပါသည်။
နှမ်းနက်စေ့သည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း တို့ကို ကာကွယ်ပေးပါသည်။ သွေးကြောများကို ကောင်းမွန်စေပြီး ဦးနှောက်ဆီသို့ လိုအပ်သော အာဟာရဓာတ်နှင့် အောက်ဆီဂျင်များ ပို့ဆောင်ပေးပါသည့်အတွက် သွေးတိုးရောဂါကို ကာကွယ် ပေးပါသည်။ ထို့အပြင် သွေးထဲရှိ ကောင်းမွန်သော ကိုလက်စထရောများကို မြင့်တက်စေပါသည်။ နှမ်းနက်စေ့တွင်ပါဝင်သည့် အာဟာရဓာတ်များသည် ရောင်ရမ်းမှုကို လျော့ကျစေသည့်အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားစေနိုင်ပါ သည်။ နှမ်းနက်စေ့တွင် နွားနို့ထက်ပရိုတင်းဓာတ်နှစ်ဆပါဝင်ပြီး အခြားဟင်းသီးဟင်းရွက်များ ထက် ကယ်လ်စီယမ်အဆပေါင်းများစွာ ပိုမိုပါဝင်ပါသည်။ နှမ်းနက်စေ့ကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါနှင့် ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင် ပါသည်။ အမိုင်နိုအက်ဆစ်ပါဝင်သည့်အတွက် ဆံကေသာကိုလည်း ကျန်းမာ လှပစေပါသေးသည်။
ထို့ကြောင့်ကျန်းမာရေးအတွက် များစွာအကျိုးပြုသော နှမ်းနက်စေ့ကို နေ့စဉ် စားသုံးပေးရန် လိုအပ်ကြောင်း ဤဆောင်းပါးဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။
DOCA (ဧရာဝတီ)