Main menu

ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

Powered by Drupal
Thu, 05/15/2025 - 16:08 -- consumer_admin

      ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်ရာတွင်ဖြစ်ဖြစ်၊ လက်ဖက်သုပ်နှင့် အခြားသောအသုပ်ထဲတွင် ထည့်စားရာတွင်ဖြစ်ဖြစ်၊ ရေစင်အောင်ဆေးပြီး အစိမ်းလိုက်ဝါးစား၍ဖြစ်ဖြစ်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ဆီချက်တို့နှင့် သုပ်စားလျှင်လည်း အရသာရှိသောကြောင့် လူအများက ကြိုက်နှစ်သက်ကြ သည်။ ခရမ်းချဉ်သီးကို စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာလည်းရရှိစေနိုင်ပါသည်။ အသားအရေကိုကြည်လင်စေနိုင်သည့် Iycopene ဓာတ်ကြွယ်ဝစွာပါရှိပြီး အသားအရေကို ထိန်း သိမ်းမှု့အတွက် များစွာအထောက်အကူပြုပါသည်။ အရေပြားပေါ်တွင် ကပ်ပေးခြင်းဖြင့် အသား အရေ ကိုကြင်လင်စေပြီး ခရမ်းချဉ်သီးကိုစားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများ မဖြစ်အာင်ကာကွယ်ပေးနိုင်ပြီး ကင်ဆာဆဲလ်ပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါသည်။ ကယ်လ်ဆီယမ်နှင့်ဗီတာမင်ကေကြွယ်ဝစွာ ပါရှိခြင်းကြောင့် အရိုးအဆစ်များကိုသန်မာစေပါသည်။ ဆေးလိပ်သောက်သုံး သူများအနေဖြင့် ခရမ်းချဉ်သီး ကို ပိုမိုစားသုံးပေးသင့်ပြီး coumaric အက်ဆစ်နှင့် chlorogenic အက်ဆစ်တို့ပါဝင်သောကြောင့် ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းကြောင့် ခန္ဓာကိုယ်ထိခိုက်မှုများမဖြစ်အောင် ကာကွယ်ပေး ပါသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့် ဗီတာမင်စီတို့ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးတွင်း အဆိပ်အတောက်များကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါသည်။ ဗီတာမင်အေပါဝင်သောကြောင့် ဆံသားကိုကျန်းမာ တောက်ပြောင်စေကာ မျက်လုံး၊ အသားအရေ၊ အရိုးနှင့်သွားများကိုပါ ကျန်းမာစေနိုင်ပါသည်။  ထိုသို့ကျန်းမာရေးအတွက်ကောင်းကျိုးများစွာပေးသောခရမ်းချဉ်သီးကို လွယ်လွယ်ကူကူဖြင့်ဝယ်ယူစားသောက်နိုင်ကာ မြင်းခြံမြို့ ၊ အေးမြသီတာဈေးတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

DOCA(မန္တလေး)