Main menu

ရေဓာတ်ပြည့်ဝသောဖရဲသီး

Powered by Drupal
Thu, 05/15/2025 - 15:45 -- consumer_admin

     မြန်မာနိုင်ငံတွင် ဖရဲသီးကို ချင်းပြည်နယ်၊ စစ်ကိုင်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှားသော်လည်း ရေသွင်းစနစ်ဖြင့်စိုက်ပျိုးကြ သည်။ ဖရဲသီးစိုက်ပျိုးရာဒေသများသည် ရာသီဥတုနှင့်မြေအမျိုးအစားပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားလျက်ရှိကြောင်း သိရှိရသည်။

     မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ဖရဲသီးများကို ဒေသတွင်းဖြစ်သော ရွာသာရွာ၊ ဖရင်းရွာ၊ နဘူးအိုင် စသည့်ကျေးရွာများနှင့်မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်းသိရသည်။ မြင်းခြံမြို့သစ်သီးဈေးတွင် ရောင်းချနေသော ဖရဲသီးတစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ ရှိပြီး အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးများကွာခြားလျက်ရှိပြီး ယခုလိုပူပြင်းသောနွေရာသီတွင် ဖရဲသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဖရဲသီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရသည်။ ဖရဲသီး၏ ၉၀% ခန့်သည် ရေဓာတ်ဖြစ်သောကြောင့် နွေရာသီတွင် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးသလို ဗီတာမင်စီ၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အရေပြားကျန်းမာရေးအတွက် အထောက်အကူပြဒသည်။ ကယ်လိုရီနည်းပြီး အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ကယ်လိုရီနည်းပြီး ရေဓာတ်များသောကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်လျော့ချရာ တွင် အထောက်အကူဖြစ်စေပြီး ကြွက်သားနာကျင်မှုကို သက်သာစေသောကြောင့် ဖရဲသီးကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)