မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမြင်ဖူးကြတာများပါလိမ့်မည်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရခြင်းဖြစ်ပါသည်။ မင်းဂွတ်ပင်က ဘယ်ဒေသကမျိုးရင်းပင်လဲဆိုတာကိုတော့ သေသေချာချာမသိရှိကြသေးပါဘူး။ မင်းဂွတ်သီးမှာရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ် တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိလိုမျိုး အာဟာရဓါတ်တွေလည်း ကြွယ်ဝစွာ ပါရှိပါသည်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါသည်။ မင်းဂွတ်သီးမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါသည်။ မင်းဂွတ်သီးအခွံမှာ ကင်ဆာ၊ ရောင်ရမ်းတာနဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ xanthones ပါဝင်နေပါသည်။ xanthones ကအူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်တယ်လို့လေ့လာမှုတွေအရသိရှိရပါသည်။
မင်းဂွတ်သီးအနှစ်က ဓါတ်မတည့်မှု ကို သက်သာစေပြီးရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါသည်။ အရေပြားကို ကျန်းမာစေပါသည်။ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်သလို ဘက်တီးဂီးယားတွေ၊ မှိုပိုးတွေကိုလည်း သေစေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြား ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာ စေနိုင်တဲ့ အာနိသင်ရှိပါသည်။ မင်းဂွတ်သီးမှာ အရေပြားကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် လည်းရှိပါသည်။
မင်းဂွတ်သီးမှာ အာဟာရဓါတ်တွေ၊ သတ္တုဓါတ်တွေ၊ ဗီတာမင်တွေနဲ့ xanthone တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုတိုးမြှင့်ပေးပါသည်။ ဒီဓါတ်တွေက ကိုယ်ခံအားနည်းတာကြောင့် ရောဂါဝင်ရောက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ မင်းဂွတ်သီးမှာကိုယ်ခံအားစနစ်နဲ့ ခန္ဓါကိုယ်တစ်ခုလုံးအတွက်လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေပါသည်။ မင်းဂွတ်သီးကအနာကျက်စေနိုင်သလို အမျိုးသားရောဂါတော်တောများများကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါသည်။
မင်းဂွတ်သီးက ဝမ်းဗိုက်ဆိုင်ရာရောဂါတွေကို သက်သာစေပါသည်။ မင်းဂွတ်သီးက ဝမ်းလျှောတာနဲ့ ဝမ်းကိုက်ဝေဒနာတွေကို သိသိသာသာ သက်သာစေနိုင်စွမ်းရှိပါသည်။ မင်းဂွတ်သီးကလေဖြတ်တာနဲ့ နှလုံးကြွက်သားသေဆုံးတာမျိုးတွေဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။ မင်းဂွတ်သီးမှာ နှလုံးဆိုင်ရာရောဂါ ကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်း ရှိနေပါသည်။ ယနေ့ခေတ်မှာ ဆီးချိုဝေဒနာသည် တော်တော်လေးကိုများလာနေပါသည်။ ဆီးချိုကဆေးမှန်မှန်သောက်ရင် သာမန်လူလိုမျိုးပဲနေနိုင်တယ် ဆိုပေမယ့် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေမရှိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါသည်။ မင်းဂွတ်သီးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်သဘာဝအာနိသင်တွေပါဝင်နေပြီး ဆီးချို သမားတွေအတွက် သင့်တော်ပါသည်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ မင်းဂွတ်သီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေမှာဖြစ်ပါသည်။ မင်းဂွတ်သီးမှာပါဝင်သော အာဟာရဓါတ်တွေက ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား မင်းဂွတ်သီးများ ဝင်ရောက်လျှက်ရှိပြီး သရက်သီး၊ ပိန္နဲသီး၊ နာနတ်သီးများနှင့်အတူ စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ဈေးကွက်အတွင်း၌ မင်းဂွတ်သီးတစ်လုံးလျှင်(၅၀၀/၆၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)