Main menu

အရသာရှိတဲ့ လိုင်ချီးသီးဈေးနှုန်း

Powered by Drupal
Tue, 05/13/2025 - 13:57 -- consumer_admin

    လိုင်ချီးသီးတွင် ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် လူအများအလွန်နှစ်ခြိုက်စွာ စားသုံးကြပါသည်။ လိုင်းချီးသီးကို စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အနောက်ပိုင်းတို့တွင် စိုက်ပျိုးထွက်ရှိသည်။ လိုင်ချီးသီးတွင် အခွံထူပြီးအစေ့ကြီးကာ အသားပါး၍ အချဉ်ဓာတ်ကဲသော အမျိုးအစားနှင့် အခွံပါးပြီးအစေ့သေးကာ အသားထူ၍ ချိုမွှေးသော အမျိုးအစားဟူ၍ အမျိုးအစားနှစ်မျိုးကို စိုက်ပျိုးလျက်ရှိသည်။ မိုးမကျမီ မေလတွင် လိုင်ချီးသီးများသည် လှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရရှိသကဲ့သို့ ဒေသခံပြည်သူများသာမက လူအများကြိုက်နှစ်သက်သော ရာသီပေါ်သီးနှံတစ်မျိုး ဖြစ်သည်။ လိုင်ချီးသီးပင်ကို ကိုင်းဆက်ကူးစိုက်ပျိုးပါက ၃နှစ်အတွင်းအသီးသီးသည်။ လိုင်ချီးသီးတွင် ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ လိုင်ချီးသီးတွင် ကာဗွန်ဟိုက်ဒရိတ် ၊ အသားဓာတ် ၊ အချိုဓာတ် ၊ အမျှင်ဓာတ်၊ ဗီတာမင်စီ တို့ပါဝင်သောကြောင့် ဆံသားကို ကျန်းမာစေခြင်း၊ ကိုယ်အလေးချိန် လျှော့ချပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ အစာကြေလွယ်ခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပေါင်များ ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ပိုးသေစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ လိုင်ချီးသီးသည် ဈေးကွက်အနေဖြင့်လည်း ဈေးကောင်းရရှိသည့်အပြင် တောင်သူများအဖို့ စိုက်ပျိုးလျှင် စိုက်ပျိုးသလောက် ဈေးကွက်ရရှိသည့်အတွက် တိုးချဲစိုက်ပျိုးပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။ လိုင်ချီးသီးကို ဈေးကွက်တွင် တစ်ပိဿာလျှင် (၁၀၀၀၀-၁၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ယခုနှစ်တွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိသောကြောင့် လိုင်ချီးသီးစိုက်ပျိုးရောင်းချသော ပိုင်ရှင်များအနေဖြင့် ဝင်ငွေပိုမိုရရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)