Main menu

ကယ်လိုရီနည်းသော တို့ဟူးစိမ်း

Powered by Drupal
Tue, 05/13/2025 - 12:11 -- consumer_admin

      တို့ဟူးစိမ်းကို စားသုံးခြင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး ပရိုတင်း ဓါတ်ကြွယ်ဝသောကြောင့် သားသတ်လွတ် စားသုံးသူတွေအတွက် ကောင်မွန်တဲ့အစားအစာ တစ်ခု ဖြစ်ပါတယ်။ တို့ဟူးစိမ်းကျိုရန် ကုလားပဲမှုန့်အစိမ်းကို ဆား၊ အရသာမှုန့်နှင့်နနွင်းမှုန့် ထည့်၍ ရေသန့်ဖြင့် ကျိုပြီး ဗျစ်ခဲလာသည်အထိ ကြွက်မြီးတန်း အနေအထားရောက်အောင် ကျိုချက်ပြီး နောက် ဗန်းထဲသို့ ဖြည်းညင်းစွာလောင်းထည့်၍ အအေးခံပြီးနောက် မာ၍တောင့်နေသောတို့ဟူးများ ရရှိသည်။ တို့ဟူး များကိုကျိုပြီးဝင်ငွေရရှိရန် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်ကြသည်။

            မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော တို့ဟူးစိမ်း ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ် ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ဒေသတွင်းအရောင်းဝယ်ဖြစ်လျှက်ရှိသည်။ ကယ်လ်ဆီယမ်ဓာတ်နှင့် သံဓာတ်တို့ ပါဝင်သောကြောင့် အရိုးအဆစ်ကိုသန်မာစေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးသည်။ ခန္ဓာကိုယ် weight ထိန်းသူများအတွက် အဆီနည်းပြီး ကယ်လိုရီနည်းသောကြောင့် ပရိုတင်း ဓာတ်ကြွယ်ဝသော တို့ဟူးစိမ်းကို လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်ကြသည်။

DOCA(မန္တလေး)