Main menu

အာလူးနှင့်ကျန်းမာရေး

Powered by Drupal
Fri, 05/09/2025 - 11:59 -- consumer_admin

      လူအများနှစ်ခြိုက်စွာ စားသုံးကြသည့် အာလူးတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရ ဓာတ်များစွာပါဝင်ပါသည်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ ထောင်းပဲစား၊ အသားတို့၊ ဘဲဉတို့နဲ့ပဲ တွဲချက်ချက်၊ မိမိတို့စိတ်တိုင်းကျပြုလုပ်ပြီး စားသုံးနိုင်ပါသည်။ ထို့အပြင် အာလူးကိုအသေးစား စီးပွားရေးလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများတွင်လည်း အားလူးခြောက် ကြော်များကြော်၍ အသုံးပြုကြကြောင်း၊ အာလူးစားခြင်းကြောင့်များစွာသော ကျန်းမာရေးအကျိုး ပြုမှုများလဲရရှိနိုင်ပါသည်။ သံဓာတ် ၊Phosphorus၊ ကယ်လ်ဆီယမ်၊ ဇင့် တို့ပါဝင်သောကြောင့်အရိုး ကျန်းမာရေးကောင်းစေခြင်း ၊ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂဆီယမ်ဓာတ်တို့ပါဝင်သောကြောင့် သွေးဖိအားကောင်းစေခြင်း၊အာလူးမှာအမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်C နဲ့ B6 ပါဝင်ခြင်းကြောင့် နှလုံးကျန်းမာရေးကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်းယောင်ရမ်းခြင်းကို သက်သာစေခြင်း၊ Folateပါဝင် သောကြောင့် ကင်ဆာရောဂါကာကွယ်မှု့တွင်ကူညီပေးခြင်း၊ အစာခြေစနစ်ကောင်းစေခြင်း၊ ပေါင်ချိန် ထိန်းညှိပေးနိုင်ခြင်း၊ခန္ဓာကိုယ်အတွင်းဓာတုဗေဒနည်းအတိုင်းဓာတ်ပြောင်းလဲပေးနိုင်ခြင်း၊ အရေပြား ကျန်းမာရေးကောင်းစေခြင်း၊ ခုခံအားကောင်းစေခြင်း စသည့်ကျန်းမာရေးကို အထောက်အကူပြုသော အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။ ထို့အပြင် အာလူးတွင် ဗီတာမင်C နှင့်ကော်လဂျင်ဓာတ်ပါဝင်ပြီး အသားအရေကိုလဲ ကျန်းမာလှပစေပါသောကြောင့် လူသားတိုင်း ကျန်းမာရေးနှင့် များစွာညီညွတ် သည့် အာလူးအား စားသုံးသင့်ကြောင်း  သိရှိရပါသည်။

DOCA(ကယား)