ပိန္နဲသီး က အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားလေးအတိုင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပေးနိုင်ပါတယ်၊ ချိုချိုလေးနဲ့ ဝါးလိုက်တိုင်း အရသာရှိတဲ့ပြီးအပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။ပိန္နဲသီး မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အရေပြား ကင်ဆာ နဲ့ ဆီးကျိတ် ကင်ဆာတွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်တွေ ပျက်စီးမှုကို ကုသပေးပြီး ဆဲလ်တွေကို ခံနိုင်ရည်တိုးစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ကိုယ်အလေးချိန် ကျစေနိုင်တယ်တစ်နေ့ထက်တစ်နေ့ အဝလွန်တဲ့နှုန်းက ပိုများလာပါတယ်။ ဒီပြဿနာကို အရသာရှိရှိ ဖြေရှင်းချင်တယ်ဆိုရင်တော့ ပိန္နဲသီး စားပေးပါ။ အမျှင်ဓာတ် ကြွယ်ဝသလို အခြားအာဟာရဓာတ်တွေလည်း ပြည့်ဝစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။သွေးတိုး ကျစေနိုင် တယ်လို့သိရပါသည်။
ထို့အပြင်ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ သွေးတိုးကျတာက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ကင်းစေမှာပါ။အစာကြေစေ နိုင်တယ်အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗိုက်အောင့် ဗိုက်နာ ကင်းစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အူတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။အိပ်ပျော်စေတယ်ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ပိန္နဲသီး စားပေးလို့ရပါတယ်။ မဂ္ဂနီဆီယမ် နဲ့ သံဓာတ် ကြွယ်ဝမှုက ကောင်းကောင်း အိပ်ပျော်စေဖို့ အားဖြည့်ပေးပါတယ်။ အိပ်ရေးပျက်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဆီးချိုသမားတွေ သင့်တော်တယ်ပိန္နဲသီးက အချိုများတယ်ဆိုပေမယ့် သကြားဓာတ်က ရုတ်တရက် မြင့်တက်သွားတာမျိုး မဖြစ်စေပါဘူး။ အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေနိုင်တာကြောင့် အမျိုးအစား (၁) ဆီးချို ဝေဒနာရှင်တွေရော အမျိုးအစား(၂) ဆီးချို ဝေဒနာရှင်တွေပါ စားသုံးလို့ရပါတယ်။
DOCA(ဧရာဝတီ)