Main menu

ကိုယ်ခံအားမြှင့်တင်ပေးသော အုန်းစိမ်းရည်

Powered by Drupal
Mon, 04/28/2025 - 12:40 -- consumer_admin

     အုန်းပင်ကို မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ။ မြေလတ် နှင့်အညာဒေသများတွင် အဓိကစိုက်ပျိုးသည်။ အုန်းသီးပင်အမျိုးအစား ၃ မျိုးရှိ၍ အပင်မြင့်မျိုးမှာ စိုက်ပြီး ၅ နှစ်အကြာတွင် အသီးစသီးပြီး တစ်ပင်လျှင်တစ်နှစ် အုန်းသီး ၄၀ ခန့်ထွက်ရှိကာ သက်တမ်း ၄၀-၅၀ နှစ်အထိ ရှည်သည်။ အပင်ပုမျိုးသည် ၃ နှစ်အတွင်းအသီးသီးပြီး တစ်ပင်လျှင် တစ်နှစ် အုန်းသီး ၁၀၀ ခန့်ထွက်သည်။ စပ်မျိုးအုန်းမှာ ပင်မြင့်နှင့်ပင်ပုမျိုးကိုစပ်ထားပြီး လိမ္မော် ရောင် အုန်းသီးအဖြစ် ရင့်မှည့်သည်။

     မြင်းခြံမြို့နယ် စည်ပင်သာယာဈေးများဖြစ်ကြသော မြို့မဈေးနှင့် အေးမြသီတာဈေးများ တွင်ရောင်းချနေသော အုန်းသီးစိမ်းတစ်လုံးလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြစ်ပြီး ၎င်းကို ယဉ်ကျေးမှုအရ ဘုရားပွဲ၊ မုန့်ပဲသရေစာများတွင် အသုံးပြုလေ့ရှိကြောင်း၊ အုန်းနုစိမ်းတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အုန်းနုစိမ်းခေါ် ဇွန်းခြစ်အုန်း မှထွက်ရှိသောအုန်းစိမ်းရည်ကို ကျန်းမာရေးအရ လူအများသောက်သုံးကြပြီး အတွင်းသားကိုဇွန်း ဖြင့်ခြစ်ပြီးလည်း စားသုံးကြ၍ ဈေးကွက်တွင်ကျယ်လျက်ရှိကြောင်း၊ ဗီတာမင်စီပါဝင်၍ အရွယ်တင် နုပျိုစေပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်ကြောင်း၊ ကယ်လိုရီနည်း၍ အမျှင်ဓာတ်ပါဝင်ပြီး အစာကြေလွယ်ကာ ဇီဝကမ္မလုပ်ငန်းများကို မြန်ဆန်စေသည်။ အရက်သောက်ပြီးနောက် ခန္ဓာကိုယ် မှ ရေဓာတ်ဆုံးရှုံးမှုကို အုန်းစိမ်းရည်သောက်သုံးခြင်းဖြင့်ကိုယ်ခံအားမြှင့်တင်ပေးသည်။ မြင်းခြံမြို့ နယ်အတွင်း ရောင်းချနေသော အုန်းသီးစိမ်းများကို ရန်ကုန်မြို့နှင့် တောင်ငူမြို့တို့မှ ဝင်ရောက်၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း အုန်းသီးရောင်းဝယ်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)