ဆလပ်ရွက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာက အီဂျစ်နိုင်ငံတွင် စတင်စိုက်ပျိုးကြသည်။ အီဂျစ်လူမျိုးများသည် ဆလပ်အစေ့ကိုဆီထုတ်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ဆလပ်ပင်သည် အစေ့သာမက အရွက်လည်းစားကောင်းပြီး အသားကင်များနှင့် တွဲဖက်၍စားသုံးရသလို အတို့အမြှုပ်အနေနှင့်လည်း စားသုံးကြပါသည်။ ဆလပ်ရွက်တွင် ရေဓာတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့် သကြားဓာတ်တို့ပါဝင်ပါသည်။မြန်မာလူမျိုးများသည် ရှေးယခင်တည်းက ငပိရည်နှင့် အတို့အမြှုပ်များဖြင့်စားကြသည်မှာ ရိုးရာဓလေ့တစ်ခုဖြစ်ပြီးထမင်းစားလည်းမြိန်စေပါသည်။ အတို့ အမြှုပ်ဖြစ်သော ဆလပ်ရွက်ကို မြင်းခြံမြို့ အေးမြသီတာဈေးတွင် တစ်စည်းလျှင်(၃၀၀)ကျပ်နှုန်း၊ ဆလပ်ရွက်နှစ်စည်းလျှင်(၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)