မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်ရှိ “ရတနာမိုး” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲကြော်အမျိုးမျိုး ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အနေဖြင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည်သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခုထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာပါက အရေးဆို တိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင် အနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေး ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)