Main menu

“အညာဒေသထွက် ရာသီပေါ်သမုန်းပွင့်”

Powered by Drupal
Wed, 02/21/2024 - 13:33 -- consumer_admin

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ထနောင်းပင်၊ မကျည်းပင်၊ ကုက္ကိုင်ပင်များနှင့် ဆေးဖက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။၄င်းအပင်များအနက် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့် သမုန်းပင်သည် အညာဒေသတွင်တွေ့ရပါသည်။ သမုန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အုပ်စုလိုက်မတွေ့ရဘဲ ဟိုနားမှာတစ်ပင် ဒီနားမှာတစ်ပင်သာ တွေ့ရတက်ပါသည်။ယခုအချိန်တွင် သမုန်းပင်ဟာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပါသည်။ အညာဒေသတွင်နေထိုင်သူများကတော့ သမုန်းပင်အကြောင်းနှင့် ဆေးဖက်ဝင်သစ်ပင်တစ်ပင်အဖြစ် သိရှိကြပါသည်။၄င်းအပင်ကို အခေါ်အဝေါ်အားဖြင့် သမုန်းပင်ဟုခေါ်၍ စာအားဖြင့် သမားပင်ဟုခေါ်ကြောင်း၊ ၄င်းအပင်သည် ပြာသိုလနှင့်တပို့တွဲလတို့မှ စတင်ကာအညွန့်လေးမှ အဖူးအပွင့်ထွက်သည်အထိ သမုန်းပွင့်တွင် အသီးလေးများပါပြီး အပွင့်ကို စားသုံးခြင်းဖြင့် ရောဂါကင်း၍ အနာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်၊ ကျန်းမာသည်ဟု ရှေးလူကြီးများက ပြောစမှတ်ပြုကြောင်း၊ သမုန်းပင်မှရရှိသော သမုန်းပွင့်၊သမုန်းသီး၊ သမုန်းရွက်၊ သမုန်းခေါက်၊ သမုန်းမြစ်စသည့် ပဉ္စငါးပါးလုံး အားလုံးအသုံးဝင်ပါသည်။ သမုန်းပင်မှရရှိသော သမုန်းဉသည် ခါး၏၊ စဉ်းငယ်ပူ၏၊ညောင်းကိုက် ထုံကျင်ခြေဖျားလက်ဖျားဖောရောင် မျက်စေ့မှုန် ကိုယ်လက် လေးလံ ခြင်းကိုပျောက်ကင်းနိုင်သလို သမုန်းဖုကိုသွေးလိမ်းပါက ဝက်ခြံဖုများအား ပျောက်ကင်းစေကြောင်း၊ သမုန်းပင်၏ ဆေးဖက်ဝင်အာနိသင်များကတော့ သမုန်းပွင့်ရွက်၏ အရသာမှာ ခါးသက်သက်ရှိ၍ သလိပ်ကိုနိုင်၏၊ရင်ပြည့်ရင်ကျပ်အကြောအောင့် အကြောတက် အညောင်းအညာများသောသူတို့အတွက်အလွန်ဆေးဖက်ဝင်ကြောင်း၊ သမုန်းပွင့်ကို အသုပ်သုပ်စား၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စားသုံးကြပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)