Main menu

ဆီးသီးကောင်းကျိုးများအကြောင်း တစေ့တစောင်း

Powered by Drupal
Wed, 01/17/2024 - 11:55 -- consumer_admin

    ဆီးသီးသည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်ပြီး ဆီးသီးအများဆုံးရရှိသည့်ရာသီမှာ ဆောင်းရာသီဖြစ်ပါသည်။ တစ်နှစ်လျှင် တစ်ခါသာပေါ်လေ့ရှိသည့် ရာသီစာအသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။ ဆီးချဉ်သီး၊ ဆီးချိုသီး၊ ဆီးကြက်ဥ၊ ဆီးပဲလှော်၊ တောဆီးသီး စသည်ဖြင့် အမျိုးအစားပေါင်းများစွာရှိသည့်အနက် စလေမြို့မှထွက်ရှိသော  စလေဆီးသီးမှာ နာမည်ကျော်လူကြိုက်များကြပါသည်။ ဆီးသီးသည် သဘာဝအရသာချိုချိုလေးဖြစ်၍ သားရည်စာအဖြစ် စားကြသည့်အပြင် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်ကြို၍ ဆီးယို၊ ဆီးတော်ဖီ၊ ဆီးသီးအမှုန့်ဟူ၍ အမျိုးမျိုးပြုလုပ်၍လည်းစားသုံးကြပါသည်။ ဆီးဖျော်ရည်အဖြစ်လည်းသောက်သုံးကြပါသည်။ ဆီးသီးကို ထက်ခြမ်းခွဲ၍ ငရုတ်သီးမှုန့်တို့ဖြင့်လည်း အချဉ်ပေါင်းပြုလုပ်စားကြပါသည်။ ဆီးသီးတွင် လူတို့၏ကျန်းမာရေးကိုအကျိုးပြုသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပါသည်။

    ဆီးသီးစားခြင်းမှရရှိသည့် ကောင်းကျိုးများမှာ ကိုယ်ခံစွမ်းအားကိုတိုးတက်စေခြင်း၊ ခန္ဓာကိုယ်တွင်းအပူရှိန်ကို လျော့ပါးသက်သာစေခြင်း၊ ဆီးရွှင်ခြင်း၊ အာရုံကြောချို့တဲ့ခြင်းကိုကာကွယ်ပေးခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးရောဂါ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါနှင့် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို ကျန်းမာသန်စွမ်းစေခြင်းတို့ရရှိစေသည့်အပြင် အမျိုးသမီးများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု၊ အရေးအကြောင်းဖြစ်ခြင်းတို့ကို သက်သာစေခြင်းနှင့် အသားအရေကိုလည်း ကြည်လင်တောက်ပစေခြင်း စသည့် ဆီးသီး၏ကောင်းကျိုးများအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)