Main menu

ဆေးဖက်ဝင်ရေနွေးကြမ်း

Powered by Drupal
Tue, 12/19/2023 - 11:50 -- consumer_admin

  ကမ္ဘာပေါ်တွင်  ရေပြီးလျှင် ဒုတိယသောက်သုံးမှုအများဆုံးသည် (ရေနွေးကြမ်း) ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ ရှေးမြန်မာမင်းများလက်ထက်မှစ၍ ယနေ့အချိန်အထိ ကျေးလက်တောရွာများ၊  မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်၊ အသုတ်ဆိုင်၊ စားသောက်ဆိုင်များတွင်လည်း အများဆုံးသောက်သုံးလျက်ရှိသည်မှာ ရေနွေးကြမ်းပင်ဖြစ်ပါသည်။

    ရေနွေးကြမ်းသည် ခန္ဓာကိုယ်အတွက် ရေဓါတ်ဖြည့်ပေးရုံသူမကအခြားသော အကျိုးကျေးဇူး များစွာလည်းရရှိစေပါသည်။ ရေနွေးပူပူကို လက်ဖက်ခြောက် အနည်းငယ်ရော၍ ရေနွေးကြမ်း သောက်သုံးခြင်းသည်  ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိစေပါသည်။ စိတ်ဖိစီးမှုကို လျော့ချပေးရုံ သာမက အသားအရေကိုလည်း စိုပြေတင်းရင်းလှပစေပါသည်။ ရေနွေးကြမ်းပုံမှန် သောက်သုံးပေး ခြင်းဖြင့် ကင်ဆာရောဂါများဖြစ်ပွားမှုကို လျော့ချစေပါသည်။ သွေးတိုးခြင်း၊ သွေးပေါင်တက်ခြင်းကို ထိန်းညှိပေးခြင်းကြောင့် သွေးတိုးသမားများအတွက် အထူးသင့်လျော်ပါသည်။ သွားများကိုခိုင်မာ စေသည့်အပြင် ခံတွင်းရနံ့ဆိုးခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ရေနွေးကြမ်း ပုံမှန်သောက်သုံးသူ များသည် အယ်ဇိုင်းမားဆိုသည့် အသက်ကြီးသည့်အခါ မှတ်ဉာဏ်လျော့နည်းခြင်း၊ သတိမေ့ခြင်း များကို လျော့ချပေးစေပြီး ဦးနှောက်တွင် မှတ်ဉာဏ်များ ပိုမိုကောင်းမွန်စေပါသည်။

    ထို့အပြင် ရေနွေးကြမ်းကို နံနက်၊ နေ့လည်၊ ညနေစောင်းအချိန်များတွင် သောက်သုံးပေး ခြင်းဖြင့် မယ်လင်တိုနင် ဟုခေါ်သည့် အိပ်စက်မှုဟောမုန်းကို ထုတ်ပေးသည့်အတွက် ညဘက်များတွင် နှစ်ခြိုက်စွာအိပ်ပျော်စေပါသည်။ ကိုယ်တွင်းအဆီချေဖျက်မှုကောင်းစေပြီး ခန္ဓာကိုယ်တွင်း အစာချေ ဖျက်ခြင်း၊ အဆီချေဖျက်မှုကို အားကောင်းစေသဖြင့် ကိုယ်အလေးချိန် မတက်အောင် ထိန်းညှိ ပေးနိုင်ပါသည်။  ရေနွေးကြမ်းသည် ခန္ဓာကိုယ်အပူကိုလျော့ချစေပြီး ဇီဝကမ္မဖြစ်စဉ်များ အလျင်အမြန် အလုပ်လုပ်ရန်အတွက် လှုံ့ဆော်ပေးသဖြင့် အစာအိမ်ထဲရှိ အစာဟောင်း၊ အညစ် အကြေးများကို ဆီး၊ ဝမ်း အဖြစ်အပြင်ဘက်သို့ စွန့်ထုတ်ပေးသဖြင့် လူကိုပေါ့ပါးစေပါသည်။

    တစ်နေ့တာအတွက် ရေနွေးကြမ်းကို နှစ်ခွက်မှ သုံးခွက်အထိ သောက်သုံးပေးသင့်ပါသည်။ ကိုယ်ဝန်ဆောင်များအနေဖြင့် တစ်နေ့လျှင် နှစ်ခွက်သာ သောက်သုံးသင့်ပြီး နို့တိုက်မိခင်များအတွက်မူ တစ်နေ့တစ်ခွက်လာက်သာ သောက်သုံးပေးသင့်ပါသည်။ ရေနွေးကြမ်းသောက်သုံးခြင်း ဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသော်လည်း အလွန်အကျွံသောက်သုံးခြင်းကိုမှု ရှောင်ကြဉ်သင့်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)