Main menu

ဆန်လုံးညိုခေါ် (လုံးတီးဆန်) ကို စားသုံးပေးသင့်ကြောင်း

Powered by Drupal
Fri, 12/01/2023 - 11:32 -- consumer_admin

   ကမ္ဘာပေါ်ရှိ လူတိူင်းလိုလို အသက်ရှင်ရန်အတွက် ဆန်ကိုချက်ပြုတ်၍စားသုံးကြပါသည်။ တချို့တိုင်းရင်းသားများနှင့် တချို့နိုင်ငံများတွင် လူး၊ စပ်၊ အာလူး၊ ဂျုံ စသောသီးနှံများများကို စားသုံးကြသော်လည်း အများစုမှာ ထမင်းကိုသာချက်ပြုတ်စားသောက်ကြသည်။ လူးနှင့်ဆပ်မှာ နှံပြောင်းအမျိုးအစားထဲတွင်ပါဝင်ပြီး မိုးခေါင်ရေရှားရပ်ဝန်း၌ စားသုံးလေ့ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။

    ဆန်ဟုပြောရာတွင် လူတို့နေ့စဉ်စားသုံးနေသော ဆန်ဖြူဖြူလေးများသည် အဆင့်ဆင့်ပြုပြင်ပြီးမှသာ ရလာသောဆန်များဖြစ်ပါသည်။ ဆန်လုံးညိုဆိုသည်မှာ ပြုပြင်ထားခြင်းမရှိဘဲ သဘာဝဆန်စေ့အတိုင်း ထုတ်လုပ်ထားပြီး အာဟာရဓာတ်များစွာပါဝင်သည့် အညိုရောင်ဆန်ဖြစ်ပါသည်။ ဆန်လုံးညိုသည် စပါးကိုအခွံချွတ်ပြီးနောက် စားနိုင်သည့်အဆင့်ဖြစ်အောင် ဖွတ်ကာ ရလာသောဆန်ဖြစ်ပါသည်။ ပုံမှန်စားသုံးနေကြသောဆန်များသည် စပါးကိုအခွံချွတ်ပြီးနောက် စား၍ရ‌သော ဖွဲနုအလွှာတစ်ခုကို ထပ်မံဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးအောင် အကြိမ်ကြိမ်ဖွတ်ထားသောဆန်များဖြစ်သည်။ ဆန်လုံးညိုမှာမူ ထိုသို့မဟုတ်ဘဲ အပေါ်ယံစပါးခွံကိုဖယ်ရှားပြီးနောက် အကြိမ်ကြိမ်မဖွတ်ဘဲ စားသုံးနိုင်သည့်အတိုင်းအတာထိထားပြီး အပေါ်ယံနုလွှာပါးကို မဖယ်ရှားထားသောဆန်ဖြစ်ပါသည်။ အကြိမ်ကြိမ်ဖွတ်ထားသောဆန်များသည် အပေါ်ယံလွှာရှိ အဖိုးတန်ဗီတာမင်များနှင့် အမျှင်များစွာကုန်ဆုံးသွားကာ အာဟာရဓာတ်ကို လိုသလောက် မပေးနိုင်တော့ပါ။ ဆန်ဖြူများနှင့်မတူသောဆန်လုံးညိုမှာ အပြင်ဘက်ဆုံးအလွှာရှိနေသောကြောင့် အာဟာရတန်ဖိုးအများအပြားကပ်ငြိနေခြင်းပင်ဖြစ်ပါသည်။ဆန်ဖြူကိုကြိတ်ခွဲလိုက်သည့်အခါ ဗီတာမင်ဘီ 3  ၆၇%၊ ဗီတာမင်ဘီ 1 ၈၀ %၊ ဗီတာမင် ဘီ 6 ၉၀%၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ်တစ်ဝက်၊ သံဓာတ် ၆၀%နှင့် အမျှင်ဓာတ်အားလုံးဆုံးရှုံးသွားပါသည်။ ဆန်လုံးညိုသည် အပေါ်ယံအလွှာပါးသောကြောင့် သာမာန်ဆန်များကဲ့သို့ နှစ်ရှည်မခံတတ်ပါ။ သာမာန်အားဖြင့် ( ၆) လခန့်သာအထားခံပါသည်။

     အာဟာရဓာတ်မြင့်မားသော ဆန်လုံးညိုကို ဝိတ်ချရာတွင်လည်း အသုံးပြုကြသည်။ ကိုလက်စရောနှင့် ကယ်လိုရီပါဝင်မှုကလည်း သာမာန်ဆန်ထက်ပိုနည်းသဖြင့် ဝိတ်ချသူများအနေဖြင့် ရွေးချယ်ရန်အထူးသင့်လျော်ပါသည်။  ဆန်လုံးညို၏ အပြင်ဘက်ဆုံးအလွှာကြောင့် အမျှင်ဓာတ်ပါဝင်မှုမြင့်မားကာ ဆာလောင်မှုကိုထိန်းချုပ်ပေးပါသည်။ ထို့ကြောင့် ဝိတ်ချနေသူများကလည်း ထမင်းဖြူအစား ဆန်လုံးညိုကို အစားထိုးစားသုံးသင့်သည်။ ဆီးချို၊ သွေးချိုရှိသူများလည်း စားသုံးသင့်သောဆန်တစ်မျိုးဖြစ်ပြီး အများအပြားမစားသုံးသင့်ပေ။ ဆန်လုံးညိုသည် အမျှင်ဓာတ်ကြွယ်ဝ၍ ဗိုက်ပြည့်လွယ်ကာ ပမာဏများများစားမည်ဆိုလျှင် ဆီးချိုတက်နိုင်ပြီး ဝမ်းချုပ်စေနိုင်သည်။ ဆန်လုံးညိုမှာ ဖောလစ်အက်ဆစ်ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များစားသုံးသင့်သည်။ ဖောလစ်အက်ဆစ်သည် အမျိုးသမီးများအတွက် ကောင်းမွန်ပြီး နေ့စဉ်စားသောက်မှုမှာ မရှိမဖြစ်ပါဝင်သည့် အာဟာရတစ်မျိုးဖြစ်သည်။ ဆန်လုံးညိုသည် ကလေးများအဖြစ်များသည့် ပန်းနာရင်ကြပ်ရောဂါကိုလည်းပျောက်ကင်းစေပါသည်။ ဆန်လုံးညိုမှာ  Lignan(လီနမ်) ဓာတ်ပါဝင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ခြင်းကိုလည်းဟန့်တားပေးပါသည်။ Antioxident ပါဝင်သောကြောင့်  ကင်ဆာဖြစ်ခြင်းကိုလျော့နည်းစေပါသည်။ ဆန်လုံးညိုသည် အူမကြီးကင်ဆာ၊ ရင်သား ကင်ဆာအပါအဝင် အခြားကင်ဆာရောဂါဖြစ်ပွားခြင်းမှလည်းကာကွယ်ပေးပါသည်။

    ဆန်လုံးညိုသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အမျှင်ဓာတ်၊ အဆီနှင့်ကာဗိုဟိုက်ဒရိတ်တို့ကို ထောက်ပံ့ပေးသည့် ကောက်နှံတစ်ခုဖြစ်ပြီး အစိတ်အပိုင်းသုံးမျိုးပါဝင်ကြောင်းသိရသည်။ အမျှင်ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်တွင်ရှိနေသော အဆီတို့ကိုစုပ်ယူနိုင်‌သောကြောင့် သွေးကြောကျဉ်းရောဂါကိုလည်းကာကွယ်ပေးနိုင်ပါသည်။ ထမင်းဖြူမှာ အစာချက်မှုပိုမိုလွယ်ကူသောကြောင့် အစာအိမ်နာခြင်းကိုရှောင်ရှားပေးပါသည်။  ထို့ပြင် စွမ်းအင်ပံ့ပိုးမှုကို ပိုမိုမြန်ဆန်ပြီး အားကစားသမားများအတွက် ပြီးပြည့်စုံသောအစားအစာဖြစ်လာပါသည်။

    ဆန်လုံးညိုတစ်ခွက်တွင် မဂ္ဂနီဆီယမ် ၂၁%ပါဝင်ပါသည်။ မဂ္ဂနီဆီယမ်သည် အရိုးများကိုကောင်းမွန်စေပြီး ကြွက်သားများကိုပြေလျော့စေပါသည်။ ဆီးချိုသများများအတွက်လည်း ကယ်လိုရီပါဝင်မှုနည်းသော ဆန်လုံးညိုကို ဆန်ဖြူအစားထိုး စားသုံးနိုင်ပါသည်။  ဗီတာမင်နှင့် အခြားအာဟာရဓာများကြွယ်ဝသဖြင့် ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါသည်။ အာဟာရဓာတ်များကြွယ်ဝသော ဆန်လုံးညိုကိုချက်ရာတွင်လည်း သာမာန်ထမင်းချက်သကဲ့သို့ ချက်နိုင်ပါသည်။ ဆန်လုံးညိုကို ညအိပ်ခါနီးအချိန်၌ အလွန်အမင်းစားသုံးပါက အစာမကြေခြင်းကိုဖြစ်စေပြီး ထမင်းဖြူအစား တစ်ခါတစ်ရံတွင် ဆန်လုံးညိုကို အစားထိုးစားပေးသင့်ကြောင်း  စုဆောင်းရေးသားလိုက်ရပါသည်။

DOCA(ကရင်)