Main menu

သွေးတွင်းအဆီကျစေပြီး၊ သွေးအားကောင်းစေတဲ့ ကြွက်နားရွက်မှို

Powered by Drupal
Wed, 11/22/2023 - 11:00 -- consumer_admin

  ကြွက်နားရွက်မှုဟာသံဓာတ်ပါဝင်မှု များပြားတဲ့အတွက်ကြောင့် သွေးအားနည်းခြင်းအတွက် အိမ်သုံးဆေးတစ်မျိုးအဖြစ် လူသိများပါတယ်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်ဓါတ်တွေပါဝင်ပါတယ်၊  Terpenoids ဆိုတဲ့ ဓါတ်တစ်မျိုးပါဝင်မှု့ကြောင့် ဓါတ်မတည့်မှု့ခံစားရခြင်းကို ကာကွယ်ပေးပါတယ်။ Polysaccharides လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါဝင်ခြင်းက၊ ဆေးဝါးဆိုင်ရာ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ရောင်ရမ်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်ပါတယ်၊  ကြွက်နားရွက်မှို အမျိုးအစားမှာတွေ့ရှိရတဲ့ Polysaccharides ဓါတ်ကြောင့်ပဲ သွေးတွင်း ကိုလက်စထရောကိုလျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါအန္တရာယ်ကို လျော့ချစေပြီး လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်။  ထိုမှိုကို သွေးခဲခြင်းနဲ့ သွေးတိုးရောဂါအတွက်လည်း အသုံးပြုကြပါတယ်။ ဗီတာမင် ဘီတူးပါဝင်ပါတယ်၊ အစွမ်းထက်တဲ့ antioxidant  တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ခုခံအားကောင်းစေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိအားမျိုးစုံကိုလည်း အကျိုးသက်ရောက်မှုရှိပါတယ်။

   ကြွက်နားရွက်မှိုကိုအစားအစာတွေထဲ ထည့်သွင်းစားသုံးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေပါတယ်၊ အဆုတ်ကို သန့်စင်စေပြီး အစာအခြေစံနစ်အတွက်လည်း ကောင်းမွန်စေပါတယ်၊ အမျှင်ဓါတ်နဲ့ Pectin ဓါတ်ပါဝင်မှု့ကြောင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါ တယ်၊ အဆီဓါတ်စုပ်ယူမှုကို တားဆီးပေးတဲ့အတွက် ဝိတ်ကျဖို့ကူညီနိုင်ပါတယ်၊ အဲ့ဒီမှိုကိုတော့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ မစားသင့်သလို၊ သွေးနဲ့ဆိုင်တဲ့ရောဂါရှိပြီး ဆေးသောက်နေရသူတွေ မစားသင့်ဘူးလို့လည်းသိရပါတယ်။

DOCA(ရှမ်း)