Main menu

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Powered by Drupal
Wed, 11/15/2023 - 11:16 -- consumer_admin

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ သိုရုံအမှတ်-၄ (၁၂၀'x၅၀'x၁၅') (သွပ်၊ သွပ်၊ ကွန်) သိုလှောင်ရုံအား (၃)နှစ်သက်တမ်း (၁)နှစ် တစ်ကြိမ် စာချုပ် ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက်   -  (၁၆-၁၁-၂၀၂၃)ရက်မှ (၂၉-၁၁-၂၀၂၃)ထိ

( ခ) တင်ဒါပိတ်မည့်နေ့/အချိန်      - (၂၉-၁၁-၂၀၂၃)ရက် ညနေ(၁၆:၀၀)နာရီ

( ဂ)  တင်ဒါယှဉ်ပြိုင်ရမည့်ရက်/    - သတင်းစာတွင် ထပ်မံကြေညာမည်မဟုတ်ဘဲ

       အချိန်                                 တင်ဒါပုံစံဝယ်ယူထားသူများထံသို့ သီးခြား

                                                အကြောင်းကြားသွားမည် ဖြစ်ပါသည်

(ဃ) တင်ဒါစည်းကမ်းချက်များ      - ရုံးအမှတ်(၅၂)၊ နေပြည်တော်

       ရှင်းလင်းမည့်နေရာ၊ အချိန်      တင်ဒါယှဥ်ပြိုင်ရမည့်နေ့ရက်၏ နံနက်(၁၀း၃၀)နာရီ

( င)  စာရင်းပေးသွင်းရမည့်နေရာ  - ရုံးအမှတ်(၅၂)၊ နေပြည်တော်

( စ)  တင်ဒါတင်သွင်းရမည့်နေရာ   - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။

(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ  - စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့။

( ဇ)  Deposit ပေးသွင်းနိုင်သည့်ဘဏ်- တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင်ဖော်ပြပြီး ဖြစ်ပါသည်။

၂။          စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်ရှိ သိုရုံအမှတ်-၄ သိုလှောင်ရုံအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၈၁-၂၁၂၁၀၉၃၊ ၀၉-၄၂၈၃၅၇၄၅၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့