Main menu

ဈေးကွက်ဝင်လာသည့် ကောက်ညှင်းကျည်တောက်အကြောင်း

Powered by Drupal
Mon, 10/23/2023 - 13:40 -- consumer_admin

    ရှမ်းပြည်နယ်ရဲ့ ဆောင်းကြိုရာသီ ဆောင်းအငွေ့အသက်နဲ့အတူ အေးချမ်းတဲ့ရာသီဥတုမှာ ဆွဲဆောင်မှုရှိလှတဲ့ ရှမ်းဒေသအစားအစာများမှာ ကော်ညှင်းကျည်ထောက်မှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်၊ ကောက်ညှင်းကျည်ထောက်မှာ ရှေးယခင်ကတည်းက ရှမ်းရိုးရာအစားအစာတစ်ခုအဖြစ် တွင်ကျယ်စွာ စားသုံးခဲ့ကြပြီး ယခုခေတ်နောက်ပိုင်းတွေမှာတော့ မြန်မာပြည်ရဲ့ ပွဲလမ်းသဘင်များ၏ ပွဲဈေးများတွင် မပါမဖြစ်ပွဲတော်စာတစ်ခုအဖြစ် ရောင်းချလာကြပါတယ်၊ ကောက်ညှင်းကျည်ထောက်မှာ မြန်မာမုန့်ဟုဆိုသော်လည်း လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတို့လို အရှေ့တောင်အာရှနိုင်ငံတချို့မှာလည်း စားသုံးကြပါတယ်၊ ကောက်ညှင်းကျည်ထောက်မှာ ဝါးကျည်ထောက်ထဲမှာ ကောက်ညှင်းဆန်ကိုထည့်ပြီး ထူးထူးဆန်းဆန်းပြုလုပ်ထားတာကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များရဲ့ စိတ်ဝင်စား တဲ့မုန့်တစ်ခုဆိုရင်လည်းမမှားပါဘူး။

       ကောက်ညှင်းကျည်ထောက်မှာ အဓိကပါဝင်ပစ္စည်းများမှာ ကောက်ညှင်း(အဖြူ/အမဲ)၊ တင်းဝါး၊ ကောက်ရိုးအနည်းငယ်တို့ပဲ ဖြစ်ပါတယ်၊ ကောက်ညှင်းကျည်ထောက်ပြုလုပ်ပုံကတော့ ကောက်ညှင်းကို ရေစင်စင်ဆေးပြီး တစ်ညရေစိမ်၍ ရေဆစ်ကာ ဝါးကိုအဆစ်မရှိတဲ့ဘက်ကနေ တစ်ဖက် ပိတ်ဖြတ်ထားပြီး စစ်ထားတဲ့ကော်ညှင်းကျည်ထောက်များထည့်ပါတယ်၊ အချိုကြိုက်သူများအတွက် သကြား၊ အုန်းသီး၊ နှမ်း၊ မြေပဲများကို သင့်တင့်သလိုထည့်ကြပါတယ်၊ အစိမ့်ကြိုက်သူများအတွက်တော့ ကောက်ညှင်းတစ်မျိုးထဲကိုသာထည့်ပြီး အချို့မှာလည်း ပဲစေ့များထည့်ပြီး ပြုလုပ်ကြပါတယ်၊ ပြီးလျှင် မြေကြီးကို မီးလင်းဖိုပုံစံအရှည်လိုက်တူးပြီး ဝါးတန်းတစ်တန်းမှာ တစ်ဖက်တစ်ချက် ကောက်ညှင်းထည့်ထားတဲ့ ဝါးတွေကိုထောင်ပြီး မီးဖုတ်ရပါတယ်၊ ကောက်ညှင်းများနပ်လောက်ပြီဆိုလျှင် ထိပ်စကိုကောက်ရိုးနဲ့ပိတ်လိုက်ရပါတယ်၊ အထဲက ကောက်ညှင်းများတူးမသွားစေရန် မီးဖုတ်သည့်အချိန်တွင် တစ်ဖက်နှင့်တစ်ဖက်ကို လှည့်ပေးရပါတယ်၊ ကောက်ညှင်းကျည်ထောက်ပြုလုပ်ပုံကတော့ စိတ်ဝင်စားစရာကောင်းပြီး မွေးပျံ့တဲ့ အနံ့နဲ့ အရသာကတော့‌ ပြောစရာမလိုအောင် ဆွဲဆောင်မှုရှိလှပါတယ်။

     ကောက်ညှင်းကျည်ထောက်ကို အချို့ဒေသတွေမှာ အပိုင်းလေးများဖြတ်ပြီး ရောင်းချကြသလို ရှမ်းပြည်နယ်ဘက်မှာတော့ ကောက်ညှင်းကျည်ထောက်ကို အရှည်လိုက်၊ အတောင့်လိုက် ရောင်းကြ ပါတယ်၊ ပိဿာချိန်နဲ့ရောင်းတာရှိသလို အချောင်းလိုက်ကိုစည်းပြီး ရောင်းကြတာလည်းရှိပါတယ်၊ ရိုးရိုးဆိုလျှင် တစ်ပိဿာ(၁၀၀၀ဝိ/-)ခန့်ဈေးရှိပြီး အချိုအရသာပါလျှင် အချောင်း အကြီး အသေးပေါ် ကြည့်ပြီး တစ်ချောင်းလျှင်(၃၀၀ဝိ/- မှ ၅၀၀ဝိ/-)ထိ ဈေးရှိတယ်လို့ သိရှိရပါတယ်။

DOCA(ရှမ်း)