Main menu

ဆေးဖက်ဝင် ကျောက်ဖရုံသီး၏ ကောင်းကျိုးများ

Powered by Drupal
Thu, 10/12/2023 - 13:10 -- consumer_admin

     ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနှင့်  Benincasa Hispida  ဟုခေါ်ဆိုပြီး အရှေ့တောင် အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ကျောက်ဖရုံသီးသည် လူနှင့်တည့်စေသည့် အသီးတမျိုးဖြစ်ပြီး မြန်မာတိုင်းရင်းဆေးအဖြစ် စားပါက အကျိုးများသည်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးမှာ ဖရဲသီးနှင့် ဆင်တူသည်။ ကျောက်ဖရုံသီးကို ဆေးဖက်ဝင်သည်ဟု သတ်မှတ်ထားပြီး တရုတ်ရိုးရာ တိုင်းရင်းသား ဆေးပညာ၊ အာယုဗေဒ ဆေးပညာ စတာတွေမှာ အသုံးပြုကြသည်။

    ကျောက်ဖရုံသီးကို တရုတ်လူမျိုးများက အဖြူသီးလို့လည်း ခေါ်ကြသည်။ ခေါ်ဆိုရခြင်းသည် ‌ကျောက်ဖရုံသီးမှာ အဖြူ‌ရောင် ပေါင်ဒါမှုန့် လိမ်းထားသလိုဖြစ်သောကြောင့်ဖြစ်သည်။များသောအားဖြင့် ကျောက်ဖရုံသီးသည် ရှည်ရှည်မျောမျောဖြစ်ပြီး ခါးလယ်က နည်းနည်းသိမ်သော ပုံသဏ္ဍာန်ရှိသည်။ ကျောက်ဖရုံသီးသည် အမျှင်ဓာတ် လွန်စွာကြွယ်ဝပြီး ကယ်လိုရီနည်း၍ အမျှင်ဓာတ်နှင့် ရေဓာတ် များသောကြောင့် အစာချေဖျက်မှု အားကောင်းစေသည့်အပြင် ကျန်းမာရေးနှင့် ညီညွှတ်ပြီး ကိုယ်အလေး ချိန်ကို ထိန်းသိမ်းစေပါသည်။ ကျောက်ဖရုံသီး၏ ဂုဏ်သတ္တိမှာ အေးပြီး အရသာမှာ ချိုပေါ့သည်။

     ကျောက်ဖရုံသီးသည် အစာအိမ်နှင့် အူတွင်းအမြှေးပါးတွင် အနာဖြစ်ပေါ်ခြင်း၊ အူလမ်းကြောင်းအတွင်း ‌ရောဂါပိုးဝင်းခြင်း၊ အစာမကြေခြင်းများကိုလည်း ကာကွယ်ပေးသည်။ အဆုတ်၊ အူမကြီးကို ကောင်းစေပြီး ကင်ဆာရောဂါကို ခုခံကာကွယ်ပေးသည်။ကျောက်ဖရုံသီးသည် အေးသောဓာတ် ဖြစ်သောကြောင့် နွေရာသီတွင် စားပေးသင့်သည်။ ကျောက်ကပ်ရောင်ရမ်းပြီး ဖောရောင်သောသူများ ကျောက်ဖရုံသီးစားရင် အဖောကျစေပြီး ဆီးချို၊ သွေးချို ‌ရောဂါရှိသူများနှင့် သွေးတိုးရောဂါရှိသူများအတွက် အလွန်သင့်တော်သည့် ဟင်းလျာဖြစ်သည်။ ကျောက်ဖရုံသီးကို ဟင်းချို သို့မဟုတ် ဟင်းချက်စားကြသလို အချိုပွဲအဖြစ် ကျောက်ဖရုံယိုလည်း စားသုံးကြသည်။ ကျောက်ဖရုံသီးသည်  ခန္ဓာကိုယ်ကို ရေဓာတ်ထိန်းညှိပေးပြီး ဆီးရွှင်စေရုံသာမက ဆီးကျောက်တည်သော ရောဂါကို ကာကွယ်ပေးပြီး (၁)လလျှင်တစ်ကြိမ် စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပါသည်။

    ကျောက်ဖရုံသီးသည်  ညအိပ်မပျော်ခြင်းကိုလည်း ကာကွယ်ပေးသည်။ စိတ်ဖိစီးမှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ကျဉ်းကျပ်မှုများကြောင့် ညအိပ်မပျော်သောသူများသည် ကျောက်ဖရုံသီးကို ပုံမှန်စား ပေးခြင်းဖြင့် သက်သာလျော့ပါးစေနိုင်သည်။ကျောက်ဖရုံသီးသည် သွေးနီဥဆဲလ် အ‌‌ရေအတွက်နည်း သည့်အခါလည်း ဆေးဝါးဓာတ်စာအဖြစ် စားသုံးနိုင်သည်။ ကျောက်ဖရုံသီးကို သရက်ရွက်၊ အစာအိမ် အားနည်းသူ၊ အသည်းရောင် B ပိုးရှိသူများ မစားသုံးသင့်ပါ။

    ကျောက်ဖရုံသီးသည် အလှအပအတွက်လည်း အသုံးဝင်သည်။ ကျောက်ဖရုံသီး တြိတ်ရည်ကို သံပရာရည်နှင့် အရေပြားမှာ ရောလိမ်း၍ဖြစ်စေ တစ်ခြားမျက်နှာပေါင်းတင်ဆေးနှင့်ရောသုံးပါက အမည်းစက်များ လျော့ပါးလာပြီး အသားအရေ ဝင်းလက်လာစေသည်။ကျောက်ဖရုံသီးသည် ဗောက် ပျောက်စေသည့် အစွမ်းလည်းရှိသည်။ ကျောက်ဖရုံသီး တြိတ်ရည်ကို ဦးရေပြား ဆံပင်ပေါ် လိမ်း၍ ခေါင်းလျှော်ပါက ဗောက်ပျောက်စေသည်။

     ကျောက်ဖရုံသီးကို ကိုယ်ဝန်ဆောင်မိခင်များ တစ်ကြိမ်တည်း ပမာဏများစွာ မစားသုံးသင့်ပါ။ ဟင်းချိုအဖြစ် ပြုလုပ်ပြီး အရည်ကိုသာ သောက်ပေးသင့်ပါသည်။ ကျောက်ဖရုံသီးထဲတွင် ဆယ်လူလို့စ် ဓာတ်ပါသောကြောင့် သွေးကြောမာခြင်းကို ကာကွယ်ပေးသည်။ သွေးတွင်းအဆီများ လျော့ချပေးနိုင်ပြီး ကင်ဆာရောဂါကို ခုခံကာကွယ်ပေးသည့် ဆေးဖက်ဝင် အသီးတမျိုးဖြစ်ကြောင်း သိရှိရပါသည်။

          (ကိုးကား  : Hello sayarwon)

DOCA(ကရင်)