Main menu

ငွေရေးကြေးရေးဝန်ဆောင်မှုကိစ္စနှင့်ပါတ်သက်၍ တိုင်ကြားလာခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ xxxxxx ကျေးရွာနေ မ xxxxxxသည် ငွေထုတ်၊ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး (၂.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ xxxxxx accountမှာ ငွေလွှဲ/ ငွေထုတ်ပြုလုပ်၍ မရတော့ပါသဖြင့် xxxxxx centerသို့ ဆက်သွယ်ပြောကြားခဲ့ပါသည်။ သို့သော်လည်း ပြန်လည်စိစစ်ပေးခြင်းမရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

   တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဌာနမှစိစစ်မှုများပြုလုပ်၍ အမှုအားလက်ခံခဲ့ပြီး (၅.၉.၂၀၂၃) ရက်နေ့တွင် တိုင်ကြားသူထံ ဆက်သွယ်၍ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းခြင်း၊ တိုင်ကြားစာပုံစံ(၂)ကို ပေးပို့၍ ဖြည့်သွင်းစေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ (၇.၉.၂၀၂၃)ရက်နေ့ ညနေပိုင်းတွင် တိုင်ကြားမှုအား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး xxxxxx ၏ email သို့အကြောင်း ကြားစာပေးပို့ခဲ့ပါသည်။ (၈.၉.၂၀၂၃)ရက်နေ့တွင် တိုင်ကြားသူမှ ဌာနသို့ ဖုန်းဖြင့်ဆက်သွယ်လာ၍ မိမိ၏ accountမှာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ ဖြေရှင်းပေးမှုအပေါ်ကျေးဇူးတင်ရှိပြီး  စိတ်ကျေနပ်ပါသဖြင့် အမှုအားပိတ်သိမ်းပါကြောင်း message ပေးပို့လာပါသဖြင့် အမှုပိတ်သိမ်းခဲ့သည့် ငွေကြေးဝန်ဆောင်မှု တိုင်ကြားလာခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(မကွေး)