Main menu

နမ့်ဆန်မြို့အလှ

Powered by Drupal
Mon, 10/09/2023 - 12:06 -- consumer_admin

    ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၅၃၃၂)ပေ မြင့်မားသောနေရာတွင် တည်ရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်း ဖြစ်ပါသည်။ တအောင်း(ပလောင်)လူမျိုးများ အများဆုံးနေထိုင်ကြ၍ ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်သော လူမျိုးများဖြစ်ကြောင်း သိရှိရပါသည်။

      “လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးရတယ်” ဆိုသည့်အတိုင်း နမ့်ဆန်မြို့တွင် လက်ဖက်အများဆုံးစိုက်ပျိုးသည့်ဒေသဖြစ်၍ လက်ဖက်မြို့တော်ဟု ဆိုစမှတ်ပြုထားပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်ကြပြီး တောင်ယာစပါးကို မိမိမိသားစု စားသုံးရန်အတွက်သာ အနည်းငယ်စိုက်ပျိုးကြကြောင်း၊ စားသောက်ကုန်လုပ်ငန်းဖြစ်သည့် ဆီတိုဖူး၊ မုန်ညှင်းချဉ်များကို ထုတ်လုပ်ရောင်းချကြကြောင်း သိရှိရပါသည်။

   နမ့်ဆန်ဒေသသည် အအေးပိုင်းဒေသဖြစ်၍ တောတောင်သဘာဝအလှတရားများနှင့် စိမ်းစိုသာယာလှပါသည်။ လွယ်ဆိုင်တောင်ဘုရား၊ တောင်ရိုးဘုရားများတည်ရှိပြီး တောင်ရိုးဘုရားမှာ ဆောင်းရာသီနံနက်ခင်းအစောပိုင်းတွင် တိမ်ပင်လယ်ဟူ၍ ဘုရားဖူးသွားကြသူများမှ တင်စားကြပြီး အလှဓာတ်ပုံများရိုက်ကြပါသည်။

   တအောင်း(ပလောင်)လူမျိုးများ၏ မျိုးနွယ်သည် အမိနဂါး၊ အဖနေမင်း ဖြစ်ပါသည်။ ရိုးရာဝတ်စုံ(၁၃) မျိုးရှိပြီး၊ ဘာသာစကားများမတူညီကွဲပြားကြသော်လည်း သွေးမခွဲပဲစည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ရှိကြသည်မှာ နမ့်ဆန်မြို့၏ အလှတရားတစ်ခုပင်ဖြစ်ပါတော့သည်။

DOCA( ရှမ်း)