Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ xxxကုမ္ပဏီတွင် အာမခံထားသည့် မော်တော်ယာဉ် 1X/xxxx ကားကိစ္စကို ဖြေရှင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန CICC သို့ နစ်နာသူ အဖွဲ့အစည်းမှ မန်နေဂျင်းဒါရိုက်တာနှင့် အဖွဲ့ဝင်(၂)ဦးလိုက်ပါလာသော မော်တော်ယာဉ် 1X/xxxx မှာ ရန်ကုန်မြို့၊ xxx အာမခံကုမ္ပဏီရုံးချုပ်တွင် ၂၀၁၈ခုနှစ်မှစတင်၍ အလုံးစုံအာမခံထားရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၈ရက်နေ့၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင် (၁၀၂/၄) တွင် မိုးရွာထားသဖြင့် လမ်းချော်ပြီး Accident ဖြစ်၍ တိမ်းမှောက်သွားရာ မော်တော်ယာဉ်ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်ပေးရန် xxx အာမခံကုမ္ပဏီ (ရုံးချုပ်) သို့ အကြောင်းကြားခဲ့ရာ အဆိုပါကုမ္ပဏီမှ တောင်းဆိုချက်များကို အလေးထားဆောင်ရွက်ပေးခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးပြပြောဆိုခြင်းအပေါ်  ကျေနပ်မှုမရှိ၍ စားသုံးသူသတင်းပြန်ကြားရေးနှင့်လက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လာရောက်တိုင်ကြားခဲ့ပါသည်၊၊

       နစ်နာသူ အဖွဲ့အစည်းမှ တိုင်ကြားလာမှုအား ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မှ ရန်ကုန်မြို့ရှိ xxx အာမခံကုမ္ပဏီမှ တာဝန်ရှိသူအား ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် xxx ကုမ္ပဏီမှ အလုံးစုံမော်တော်ယာဉ်အာမခံလျော်ကြေးငွေ ကျပ်သိန်းတစ်ရာရှစ်ဆယ်တိတိကို စက်တင်ဘာလ ၂၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဌာနခွဲမှူး ဦးကျော်ဦးစိုးရီတို့ရှေ့မှောက်တွင် xxx ကုမ္ပဏီမှ တိုင်ကြားသူအား ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)