Main menu

စားသောက်ဆိုင်မှ ညှော်နံ့ထွက်သဖြင့်တိုင်ကြားလာမှုအပေါ်ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ တိုင်ကြားသူသည် နေအိမ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက် လျက်ရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာ ခြင်းဖြစ်ပါ သည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက တိုင်ကြားမှုသည် စားသုံးသူနစ်နာမှုမဟုတ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့သို့ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်း အကြောင်းကြားခဲ့ပါသည်။ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၁-၇-၂၀၂၃ ရက်နေ့တွင် တိုင် ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဖွင့်လှစ်ရောင်းချ နေသည့် ဆိုင်ခန်းသည် လူနေအိမ်များနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ဆိုင်ခန်းအတွင်းရှိ မီးဖိုခန်းတွင် အစားအသောက်များ ချက်ပြုတ်ရာမှထွက်ရှိသောအနံ့ဆိုးများ၊ ညှော်နံ့များအားစနစ်တကျထုတ်လွှင့်ရန် မီးခိုးခေါင်းတိုင်များ ညှော်စုပ်ဆက်များ တပ်ဆင်ထားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းဆိုင်မှထွက်ရှိသည့် အနံ့ဆိုးများ၊ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် မီးခိုးခေါင်းတိုင်နှင့် ညှော်စုပ်ဆက်အား ၁၅-၈-၂၀၂၃ ရက်နေ့အပြီး တပ်ဆင်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ပါသည်။ ၁၆-၈-၂၀၂၃ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဝန်ခံကတိပြုထားသည့်အတိုင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ပေးပို့အကြောင်းကြားလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်ရှင်းလင်းပြောကြားခဲ့ရာ ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းခဲ့ပါသည်။