Main menu

Pay အကောင့်ပိတ်ခံရ၍တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးမှ ၎င်း၏ အသုံးပြုနေသော Pay အကောင့်အား ကြိုတင်အကြောင်းကြားမှုမရှိဘဲ အကောင့်အပိတ်ခံရသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့  ဆက်သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ဘဏ်၏ စိစစ်ချက်အရ ဈေးဝယ်သူတစ်ဦးသည် ၃၁-၇-၂၀၂၃ ရက်နေ့တွင် *** Jade & Jewellery Co., Ltd မှ Online Live Sale တွင် ရောင်းချသော ကျောက်စိမ်းလက်စွပ်ကိုဝယ်ယူခဲ့ပြီး ပစ္စည်း၏ အရည်အသွေးမှာ ပေးရသည့်ဈေးနှုန်းနှင့်မတန်ဟု ထင်မြင်ခဲ့သည့်အတွက် ပစ္စည်းပိုင်ရှင်နှင့် ငွေပြန်ပေးရန် ညှိနှိုင်းခဲ့ရာ သဘောမတူသဖြင့်  မိုးကုတ်မြို့မရဲစခန်းတွင် (ပ) ၅၅/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်၍ *** pay Call Center သို့ အကြောင်းကြားလာပါကြောင်း၊ မိုးကုတ်မြို့မရဲစခန်း၏ အကြောင်းကြားစာအရ အမှုအား စစ်ဆေးနေစဉ်ကာလအတွင်း ဆက်စပ်မှုရှိသော အကောင့်များကို ယာယီတားမြစ်ခဲ့ရာ၌ တိုင်ကြားသူ၏ အကောင့်လည်းပါဝင်နေကြောင်း၊ အမှုအား စစ်ဆေးပြီးနောက် တိုင်ကြားသူ၏ pay အကောင့်သည် အမှုဖြစ်စဉ်တွင် သက်ဆိုင်ခြင်းမရှိသည့်အတွက်  ပုံမှန်အသုံးပြု၍ရစေရန် ပြန်လည် ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဘဏ်မှ အကြောင်းပြန်ကြားလာသဖြင့် ဌာနမှ တာဝန်ရှိသူက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ အကောင့်ပြန်လည်ဖွင့်လှစ်ပေးပြီ ဖြစ်သောကြောင့် ကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားခဲ့သဖြင့်  တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။