Main menu

EV ကားများအားသွင်းသည့် CCS2 Charger များအသုံးပြု၍မရသဖြင့် တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်ကြားသူ (၂) ဦးသည် ၃-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ MG ZS EV (4s2095) ကားဖြင့်လည်းကောင်း၊ ၄-၆-၂၀၂၃ ရက်နေ့ တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EV (4S-63 88) ကားဖြင့်လည်းကောင်း အသီးသီး ခရီး ထွက်လာခဲ့ရာ လျှပ်စစ်ကားများဖြင့် ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များ ဖြစ်သည့် (0) မိုင်နှင့် (115) မိုင်တို့ရှိ Charging Station များတွင် EV  ကားများ ဝင်ရောက်အားသွင်းရာ CCS2 Charger များ မှာအသုံးပြု၍မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံး စစ်ဆေးပြင် ဆင်ပေးပါရန် Email မှတဆင့် ၂၇-၆-၂၀၂၃ ရက်နေ့တွင်တိုင်ကြားလာပါသည်။

တိုင်ကြားမှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)က ဥက္ကဌ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်း ကော်မတီသို့ သက်ဆိုင်ရာ ကုမ္ပဏီများသို့ အမြန်ပြင်ဆင်ပေးနိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် တင်ပြဆောင်ရွက်ခဲ့ပါ သည်။ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများက 0 မိုင်ရှိ Charging Station များအား မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ  0 မိုင် Charging Station ရှိ CCS2 Charger များမှာ ဇွန်လ ဆန်းပိုင်းမှစ၍ အားသွင်းမှုစနစ် ချို့ယွင်းနေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် အမြန် ပြန်လည်ပြင်ဆင်ပေးရန် Earth Renewable Energy Co.,Ltd သို့ ဆက်သွယ် ဆောင်ရွက် ခဲ့ပါသည်။  ကုမ္ပဏီမှစိစစ်ရာတွင် 0 မိုင်၊ ၁၁၅ မိုင်တို့ရှိ  Charger များတွင် MG ZS Model တံဆိပ်ကားများမှာ အားသွင်းမှုမရသည့် Software စနစ်ချို့ယွင်း နေခဲ့ကြောင်း၊ တိုင်ကြားမှု ဖြစ်ပွားခဲ့သည့် ကားများမှာလည်း MG ZS Model တံဆိပ်ကားများ ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ချို့ယွင်းမှုဖြစ်ပေါ်နေ သည့် 0 မိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်ရှိ Charging Station များတွင် တပ်ဆင်ထားသည့် Grasen Brand  60 KW CCS2 Chargers များအား နိုင်ငံခြားသားပညာရှင်များနှင့် ဆက်သွယ်၍ EV Chargers များ၏ Software များအား Upgrade ပြုလုပ်ပြီးဖြစ်သောကြောင့် MG ZS Model တံဆိပ် ကားများ အားသွင်းနိုင်ပြီ ဖြစ်ကြောင်း၊ ယခုတပ်ဆင်ထားသော Charger များထက် အဆင့်မြင့်အမျိုးအစား ဖြစ်သည့် Autel Digital Power Co., Ltd မှ ထုတ်လုပ်သည့် Autel Brand 60 KW CCS2 Dual Gun Chargers (2 Units) နှင့် Autel Brand 120 KW CCS2 Dual Gun Charger (1 Units)များကို အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက် နေကြောင်း၊ အစားထိုးလဲလှယ်မည့် CCS2 Autel Chargers များအား တပ်ဆင်နိုင်ရန်မှာယူ တင်သွင်းမှု ဆောင်ရွက်နေစဉ်ကာလအတွင်း ယခုအသုံးပြုနေသော CCS2  Chargers များနှင့် အားသွင်းမရသောကားများ ရှိလာပါက အရေးပေါ် အားသွင်းပေးနိုင် ရန် CCS2 11 KW AC Level 2 Chargers များကို 0 မိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်တို့ရှိ Charging Station များတွင် တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း အကြောင်းပြန်ကြားလာပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသိပေး ရှင်းလင်း ပြန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA (Consumer)