Main menu

ဆိုင်ကယ်အရောင်းဆိုင်နှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

      ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နေ(ယခင်) တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှ ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 စိမ်း ယာယီ E xxxx ကို ငွေကျပ် ၉၈၀၀၀၀/- ငွေအကြေပေးဝယ်ယူခဲ့ပြီး ရောင်းချသော ဆိုင်ကယ်အရောင်းဆိုင်သို့ ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ် ဦးစီးမှူးရုံး (CICC)သို့ လူထုဆက်သွယ်ရေးနည်းလမ်း (Viber)မှ တဆင့်တိုင်ကြားလာပါသည်။

    တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ်(CICC)တာဝန်ခံမှ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်ထံသို့ (၂-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀;၄၆) အချိန်တွင် ဆက်သွယ်ဆောင်ရွက်ရာ ဆက်သွယ်၍ မရသည့်အတွက် အကြောင်းကြား စာပေးပို့ခဲ့ပြီး နံနက် (၁၁;၂၃) အချိန်တွင် လုပ်ငန်းရှင်မှ ပြန်လည်ဆက်သွယ်လာပြီး နိုင်ငံရေးအခြေအနေအရ စစ်ရှောင်ရင်း ဆိုင်ကယ် Owner Book များ ပျောက်ဆုံးသွားရခြင်းဖြစ်ပါကြောင်း၊  မိမိတို့ ကုမ္ပဏီအနေဖြင့် မဟုတ်ဘဲ ကြားခံကုမ္ပဏီတစ်ခုဖြင့် ဆိုင်ကယ်များ တင်သွင်းခြင်းဖြစ်သည့် အတွက် အစီးရေများ၍ အချိန်ကြန့်ကြာရခြင်း ဖြစ်ပါကြောင်းနှင့်  ပျောက်ဆုံးသွားသည့် ဆိုင်ကယ်  Owner Book ပိုင်ရှင်များအား တောင်းပန်ထားပါကြောင်း၊ အဆိုပါ ဆိုင်ကယ် နံပါတ်များရရှိရေးကို မိမိတို့ ကုမ္ပဏီအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပြန်လည်လျှောက်ထားပြီး ကုန်းလမ်း ပို့ဆောင်ညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံး)ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်ကြားသူ စိတ်ကျေနပ်မှုရသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၊ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ဆိုင်ကယ်  Owner Book များရရှိရေး အာမခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆိုင်ကယ်ဝယ်ယူသည့် နေ့ရက်မှ ယနေ့ အချိန်ထိ သက်တမ်းတိုး(၄)နှစ်စာအား တာဝန်ယူ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်းရရှိခဲ့ပါ သည်။

    (၃-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀;၃၀)အချိန်တွင် တိုင်ကြားသူထံသို့ ထပ်မံဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုရရှိခဲ့ပြီး ဆိုင်ကယ်  Owner Book များ ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ ဆောင်ရွက်ပေးမည့် အခြေအနေအား ပြောကြားခဲ့ရာ တိုင်ကြားသူမှ စိတ်ကျေနပ်လက်ခံမှုရှိပါကြောင်း ပြောကြားခဲ့သဖြင့် စားသုံးသူနှင့်လုပ်ငန်းရှင်အား ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သဘောတူညီချက်ရရှိထားသည့်အတိုင်း အမှန်တကယ်ဆောင်ရွက်ပေးမှုရှိ/မရှိတို့ကို စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီအထိ စောင့်ကြည့် စစ်ဆေးပြီးမှသာ တိုင်ကြားမှုများကို ပိတ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ကယား)