Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တစ်ပတ်အတွင်း ကုန်သွယ်ရေးနှင့် နယ်စပ်သတင်းအခြေအနေ

Powered by Drupal

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၄.၆.၂၀၂၁ ရက်နေ့မှ ၁၀.၆.၂၀၂၁ရက်နေ့အထိ ကုန်သွယ်ရေးနှင့်နယ်စပ်သတင်းအနေဖြင့် တာချီလိတ်နယ်စပ်ဒေသမှ အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုလင်းခွံ၊ ဗူးခွံ၊ စက္ကူဖြတ်စက်တို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဘိလပ်မြေ၊ PVC Pipe၊ မော်တော်ဆိုင်ကယ်နှင့် အိမ်ဆောက်ပစ္စည်းများ အများဆုံး တင်သွင်းခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၃.၂၄၃)ဒေါ်လာသန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

            မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်အနေဖြင့် ငှက်ပျော၊ ရော်ဘာ၊ ဝဥခြောက်တို့ ဖြစ်ပြီး သွင်းကုန်မရှိပါကြောင်း မိုင်းယုနယ်စပ်သတင်းများအရ သိရှိရပါသည်။ ကျိုင်းတုံ-မိုင်းလား နယ်စပ်မှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ရော်ဘာ၊ ငါးရှဉ့်(အရှင်)၊ နှမ်းနက်တို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဓါတ်မြေဩဇာ၊ ပိုက်၊ နေကြာစေ့နှင့် လူသုံးကုန်ပစ္စည်းများ ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုပမာဏမှာ (၀.၁၇၇)ဒေါ်လာသန်း‌ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်သတင်းများအရ သိရှိရပါသည်။

ရှမ်းပြည်နယ်(DOCA)