Main menu

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ၏ ဇွန်လပထမအပတ် ကုန်သွယ်မှုအခြေအနေ

Powered by Drupal

        ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားနယ်စပ်ဒေသများ၏ ဇွန်လ ပထမအပတ်တွင် ဂဏန်း၊ ကွမ်းသီးနှင့် ငါးရှည့် တို့အား တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်များမှာ နေကြာစေ့၊ မြေဩဇာနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် တိုးလာတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ရာဘာတို့ ဖြစ်ပြီး သွင်းကုန်များမှာ ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ သံချောင်း၊ MSc Channel၊ ကြွေပြား၊ နေကြာစေ့၊ PVC PIPE၊ CORRUGATED SHEETတို့ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် လျော့လာတယ်လို့ သိရပါတယ်။ မိုင်းယောင်း-မိုင်းယုကုန်သွယ်ရေးလမ်းကြောင်းမှ ယခုတစ်ပတ်အတွင်း အဓိကပို့သော ပို့ကုန်မှာ သွင်းကုန်မရှိဘဲ အဓိကတင်ပို့သော ကုန်များမှာ ငှက်ပျော၊ ရာဘာ၊ ဝဥခြောက်နှင့် ချင်း(ဂျင်း) တို့ဖြစ်ကြောင်းသိရှိရပါတယ်။

ရှမ်းပြည်နယ်(DOCA)