Main menu

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Powered by Drupal
Tue, 07/04/2023 - 11:07 -- consumer_admin

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆန်စက် အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံးစက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့် စက်ယူနစ်(၂၂)မျိုးတို့အား ရာဘာလုပ်ငန်း အမှန်လုပ်ကိုင်သူများအား (၅)နှစ်သက်တမ်း (၁)နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆို၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက်   - (၅-၇-၂၀၂၃)ရက်မှ (၁၈-၇-၂၀၂၃)ထိ

(ခ ) တင်ဒါပိတ်မည့်နေ့/အချိန်      - (၁၈-၇-၂၀၂၃)ရက် ညနေ(၁၆:၀၀)နာရီ

(ဂ )  တင်ဒါယှဉ်ပြိုင်ရမည့်ရက်/    - (၂၇-၇-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီ

       အချိန်                                (တင်ဒါယှဉ်ပြိုင်မည့်နေ့အပြောင်းအလဲရှိပါက

                                                သတင်းစာတွင် ထပ်မံကြေညာမည်မဟုတ်ဘဲ

                                                တင်ဒါပုံစံဝယ်ယူထားသူများထံသို့သီးခြား

                                                အကြောင်းကြားသွားမည်ဖြစ်ပါသည် ) 

(ဃ) တင်ဒါတင်သွင်းရမည့်နေရာ   - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်။

(င)   စာရင်းပေးသွင်းရမည့်နေရာ  - ရုံးအမှတ်(၅၂)၊ နေပြည်တော်

(စ)   တင်ဒါစည်းကမ်းချက်များ      - (၂၇-၇-၂၀၂၃)ရက်နေ့၊ (၁၀:၃၀)နာရီ

       ရှင်းလင်းမည့်ရက်/အချိန်/နေရာ    ရုံးအမှတ်(၅၂)၊ နေပြည်တော်     

(ဆ) တင်ဒါပုံစံရောင်းချမည့်နေရာ  - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ ဒုတိယထပ်

                                                  ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။

(ဇ)   Deposit ပေးသွင်းနိုင်သည့်ဘဏ်- တင်ဒါစည်းကမ်းသတ်မှတ်ချက်ပုံစံတွင်ဖော်ပြပြီး ဖြစ်ပါသည်။

၂။          စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံး စက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့် စက်ယူနစ်(၂၂)မျိုးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်သို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ ဝယ်ယူရမည့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့