Main menu

အာဂျင်တီးနားနိုင်ငံ၏ အမဲသားတင်ပို့မှု ယာယီပိတ်ပင်သည့်မူဝါဒကြောင့် ဘရာဇီးလ်လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်း

Powered by Drupal

အသားပို့ကုန်များကို ရက် (၃၀) ကြာ ယာယီပိတ်ပင်ရန် အာဂျင်တီးနားအစိုးရက ဆုံးဖြတ်ခဲ့သည်။ အာဂျင်တီးနားအစိုးရ၏ အသားပို့ကုန်များအပေါ် ယာယီပိတ်ပင်သည့် မူဝါဒသည် တရုတ်နိုင်ငံက အများဆုံးဝယ်ယူတင်သွင်းနေသည့် ကမ္ဘာ့အမဲသားဈေးကွက် တွင် ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန်အသားများအတွက် ဈေးကွက်နေရာ ပိုမိုရရှိစေလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့် အသားများတွင် အာဂျင်တီးနားနိုင်ငံမှ (၂၀) ရာခိုင်နှုန်းပါဝင်ခဲ့ကြောင်း စီးပွားရေးအကြံပေးကုမ္ပဏီ Agrifatto ၏ ညွှန်ကြားရေးမှူး Lygia Pimentel က သတင်းဌာနသို့ ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ကုန်သွယ်မှု ပမာဏ၏ ၇.၅ ရာခိုင်နှုန်းသည် ပြည်ပသို့ အသားတင်ပို့မှုမှ ရရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အာဂျင်တီးနားအစိုးရ၏ အသားတင်ပို့မှု ပိတ်ပင်သည့် မူဝါဒကြောင့် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ အသားများကို အဓိကဝယ်ယူတင်သွင်းရန်ပြင်ဆင်လျက်ရှိကြောင်း သတင်း တွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ အသားများအပေါ် တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာမည့်အခြေအနေသည် အသားထုတ်လုပ်သည့် ဘရာဇီးလ်လုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်းတွင် အသားဈေးနှုန်းများ မြင့်တက်တက်လာနိုင်သည့် အတွက် ပြည်တွင်းငွေ ကြေးတန်ဖိုး ကျဆင်းမှုဒဏ်ကို ပြည်သူများ တွေ့ကြုံခံစားနိုင်ကြောင်း Lygia က သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အာဂျင်တီးနားသမ္မတ၏ အသားတင်ပို့မှုယာယီပိတ်ပင်သည့် မူဝါဒသည် ရက်ပေါင်း (၃၀) ထက် ပိုမိုကြာမြင့်ပါက အသားထုတ်လုပ်သည့် အာဂျင်တီးနား လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အကြံပေးကုမ္ပဏီ၏သတင်းတွင် ဖော်ပြထားသည်။ အာဂျင်တီးနားသမ္မတအနေဖြင့် ပြည်တွင်းအသားဈေးနှုန်းများ ပုံမှန်ဈေးနှုန်းဖြစ်ပေါ်စေရန် အတွက် ပြည်ပသို့အသားတင် ပို့မည့် ပမာဏအပေါ်တွင်သာ ကန့်သတ်ချက်များချမှတ် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အသားတင်ပို့မှု ယာယီပိတ်ပင်ခြင်းသည် အခြားပြဿနာများ ကို ပိုမိုဖြစ်ပေါ်စေကြောင်း Lygia က သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။
လတ်တလောပြဿနာမှာ ဈေးကွက်အတွင်းသို့ အသားများပိုမိုဝင်ရောက်လာရန်ဖြစ်ပြီး အသားဈေးနှုန်းများ မြင့်တက်နေမှုသည် အာဂျင်တီးနား ပြည်တွင်းဈေးကွက်တွင်သာမက တစ်ကမ္ဘာလုံးတွင်လည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ အသားထုတ်လုပ်မှု ကုန်ကျစရိတ်များအပေါ် မူတည်၍ အသားဈေးနှုန်းများ အတက်အကျ ဖြစ်ပေါ်လျက်ရှိကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အစိုးရ၏ ဈေးနှုန်းမြင့်တက်မှု ထိန်းချုပ်ရေးဆောင်ရွက်ချက်များသည် ပြည်တွင်း အသားဈေးနှုန်းများအပေါ် ကာလတိုအတွင်းသာ ထိရောက်မှုရှိနိုင်ကြောင်း၊ ထိန်းချုပ်ရေး မူဝါဒအား ကာလရှည်လုပ်ဆောင်ပါက လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိလာပြီး အသား ထုတ်လုပ်မှုများ တဖြေးဖြေးလျော့ကျလာကာ ဈေးနှုန်းမြင့်တက်မှုများ ပိုမိုဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ထောက်ပြပြောပြချက်များအား သတင်းတွင် ဖော်ပြထားပါသည်။
ထို့အပြင် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အသားထုတ်လုပ်မှုကုန်ကျစရိတ် များအပေါ် အထူးသတိပြုရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ပုံမှန်အခြေအနေထက် မြင့်မားသော ဈေးနှုန်းများ ဖြစ်ပေါ်နေခြင်းသည် ကာလတစ်ခုအတွင်းသာ လုပ်ငန်းရှင်များ အား အကျိုးဖြစ်ထွန်းနိုင်ပြီး ရေရှည်တွင် ဈေးကွက်ဖွံ့ဖြိုးမှုအပေါ်၌ ထိခိုက်နိုင်ကြောင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ရန် အလွန် အရေးကြီးကြောင်း ပညာရှင်များ၏ သုံးသပ်ချက်များအား သတင်းတွင် ဖော်ပြထားပါသည်။
(ရင်းမြစ်- ဘရာဇီးလ်နိုင်ငံရှိ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)