Main menu

စက်သုံးဆီများနှင့် ပတ်သက်၍ နိုင်ငံတကာဈေးနှုန်းနှင့် ပြည်တွင်း ရောင်းဈေးနှုန်းများ သုံးသပ်ချက်

Powered by Drupal

ကမ္ဘာ့လောင်စာဆီဈေးကွက်တွင်  ဓာတ်ဆီ ဈေးနှုန်းသည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ Global Petrol Prices Websites ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၂ နိုင်ငံအနက် Lesotho နိုင်ငံသည် ယခင်အပတ်ဈေးနှုန်းထက် ၁၃.၂ %၊ Jamaica နိုင်ငံသည် ၂.၂% တို့ဖြင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၉) နိုင်ငံ ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း အာဂျင်တီးနား၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဆွစ်ဇာလန်၊ ထိုင်း၊ UAEနှင့် ဗီယက်နမ် စသည့် နိုင်ငံပေါင်း (၁၁၆)နိုင်ငံမှ ဈေးနှုန်း မပြောင်းလဲပဲ ဓါတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရပါ သည်။ ဓါတ်ဆီ ဈေးနှုန်းကျဆင်းနေသည့် နိုင်ငံများ အနေဖြင့် ဩစတြေးလျ၊ ဘူဂေး ဒီးယား၊ ဒိန်းမတ်၊ လဗန်နွန်၊ ဆွီဒင်စသည့် နိုင်ငံပေါင်း (၁၈)နိင်ငံမှ ဈေးနှုန်းများ ကျဆင်းနေပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် ၀.၃% မှ ၂.၅ % ထိ ဈေးနှုန်း ကျဆင်းနေကြောင်း တွေ့ရှိရပါသည်။

ဧပြီလ ၂၆ ရက်နေ့ Global Petrol Prices Website တွင်ဖော်ပြထားသည့် ဓာတ်ဆီဈေးနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံများ

    တန်ဖိုး-အမေရိကန်ဒေါ်လာ

ရေတွက်ပုံ -လီတာ

စဉ်

ဓါတ်ဆီဈေးနှုန်းအနိမ့်ဆုံးနိုင်ငံ

တန်ဖိုး

ဓါတ်ဆီဈေးနှုန်းအမြင့်ဆုံးနိုင်ငံ

တန်ဖိုး

ဗင်နီဇွဲလား

၀.၀၂

ဟောင်ကောင်

၂.၄၇

အီရန်

၀.၀၇

နယ်သာလန်

၂.၁၂

အင်ဂိုလာ

၀.၂၅

နော်ဝေး

၂.၀၅

အယ်လ်ဂျီးရီးယား

၀.၃၄

အာဖရိကန်

၂.၀၂

ကူဝိတ်

၀.၃၅

ဖင်လန်

၁.၉၄

ဒီဇယ်ဈေးနှုန်းအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်တွင် Global Petrol Prices Website  ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၂ နိုင်ငံအနက် Lesotho နိုင်ငံသည် ယခင်အပတ်ဈေးနှုန်းထက် ၁၃.၂ % ၊ Jamaica နိုင်ငံသည် ၂.၂% တို့ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၂၉) နိုင်ငံ ရှိကြောင်း တွေ့ရှိရပါ သည်။ ယခု တစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ ကျူးဘား၊ ဒိန်းမတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှားစသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၉၉)နိုင်ငံမှ ဒီဇယ် ဈေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်များအတိုင်း တည်ငြိမ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။

ဒီဇယ်ဈေးနှုန်းကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဩစတြေးလျ၊ ဘူဂေး ဒီးယား၊ ဖင်လန်၊ဂရိ၊အိုင်လန်၊ အိုင်ယာလန်၊လဗန်နွန်၊နယူးဇီလန်စသည့် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ ဈေးနှုန်းများကျဆင်းနေပြီး ယခင်တစ်ပတ် ဈေးနှုန်းထက်  ၀.၂ %မှ ၀.၉ % အထိ ဈေးနှုန်းကျဆင်းနေကြောင်း လေ့လာတွေ့ရှိရပါသည်။

ဧပြီလ ၂၆ ရက်နေ့ Global Petrol Prices Website တွင်ဖော်ပြထားသည့် ဒီဇယ်ဈေးနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံများ

တန်ဖိုး-အမေရိကန်ဒေါ်လာ

ရေတွက်ပုံ -လီတာ

စဉ်

ဒီဇယ်ဆီဈေးနှုန်းအနိမ့်ဆုံးနိုင်ငံ

တန်ဖိုး

ဒီဇယ်ဆီဈေးနှုန်းအမြင့်ဆုံးနိုင်ငံ

တန်ဖိုး

ဗင်နီဇွဲလား

၀.၀၀

ဟောင်ကောင်

၂.၀၇

အီရန်

၀.၀၁

ဆွီဒင်

၁.၉၀

ဆော်ဒီအာရေဗျ

၀.၁၄

အစ္စရေး

၁.၈၃

အင်ဂိုလာ

၀.၂၁

နော်ဝေး

၁.၈၀

အယ်လ်ဂျီးရီးယား

၀.၂၂

အင်္ဂလန်

၁.၇၈

 

အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်း ယှဉ်လျှင် မြန်မာနိုင်ငံတွင် ၁% ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၀. ၅% တို့ဖြင့် ဈေးနှုန်း မြှင့်တက် ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲ မရှိဘဲ တည်ငြိမ်နေကြောင်း သိရှိရပါသည်။

 အာဆီယံနိုင်ငံများ ၏ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ် လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၁.၈% နှင့် မြန်မာနိုင်ငံတွင် ၁.၁% တို့ဖြင့် ဈေးနှုန်း မြင့်တက်ခဲ့ပြီး၊ ကျန်အာဆီယံနိုင်ငံ များတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေခဲ့ ကြောင်း လေ့လာ တွေ့ရှိရပါသည်။

 အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်တွင် ဖြစ်ပေါ်နေသော ဓါတ်ဆီ၊ ဒီဇယ်တစ်လီတာ ဈေးနှုန်းများအား အောက်ပါ အတိုင်းဖော်ပြအပ်ပါသည်-

တန်ဖိုး- မေရိကန်ဒေါ်လာ

                                                                   ရေတွက်ပုံ    -   လီတာ

စဉ်

နိုင်ငံအမည်

ဓာတ်ဆီ

ဒိဇယ်

မြန်မာ

၀.၆၉

၀.၆၃

အင်ဒိုနီးရှား

၀.၇၃

၀.၇၃

ထိုင်း

၁.၁၁

၀.၇၇

ဗီယက်နမ်

၀.၈၃

၀.၆၂

စင်ကာပူ

၁.၇၃

၁.၃၉

မလေးရှား

၀.၅၀

၀.၅၃

ဖိလစ်ပိုင်

၁.၀၅

၀.၈၃

ကမ္ဘောဒီးယား

၁.၀၄

၀.၈၀

လာအို

၁.၀၅

၀.၈၇

၁၀

ဘရူနိုင်း

-

-

 

၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမှာ ဓါတ်ဆီ တစ်လီတာတွင် အမေရိကန် ဒေါ်လာ ၁.၁၅ နှင့် ဒီဇယ်တစ်လီတာတွင် ၁.၀၂ ရှိပြီး စက်သုံးဆီ ဈေးနှုန်းနိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီ ဈေးနှုန်း တစ်လီတာ ၀.၆၉ ဒေါ်လာနှုန်းဖြင့် နိုင်ငံ ၂၉ မြောက်နှင့် ဒီဇယ်ဆီ ဈေးနှုန်းတစ်လီတာ ၀.၆၃ ဒေါ်လာနှုန်းဖြင့် နိုင်ငံ၂၉ မြောက်တွင် ရှိနေကြောင်းတွေ့ရှိရပါသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေသော တရုတ် ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့၏ စက်သုံးဆီ တစ်လီတာဈေးနှုန်းများအား အောက်ပါအတိုင်း ဖော်ပြပါ သည်-

တန်ဖိုး-အမေရိကန်ဒေါ်လာ

ရေတွက်ပုံ -လီတာ

စဉ်

နိုင်ငံအမည်

ဓါတ်ဆီ

ဒီဇယ်ဆီ

တရုတ်

၁.၁၁

၀.၉၇

ဂျပန်

၁.၃၅

၁.၅၇

အိန္ဒိယ

၁.၂၆

၁.၁၅

 

Oil-Price. Net Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့ရေနံစိမ်း (Crude Oil ) နေစဉ်ဈေးနှုန်းများအား အောက်ပါအတိုင်းဖော်ပြပါသည်-

တန်ဖိုး-မေရိကန်ဒေါ်လာ

ရေတွက်ပုံ -စည်

စဉ်

ရက်စွဲ

ဈေးနှုန်း

၃.၅.၂၀၂၁

၆၅.၅၉

၄.၅.၂၀၂၁

၆၈.၈၀

၃.၄.၂၀၂၁

၆၂.၀၀

၄.၄.၂၀၂၁

၆၃.၀၀

၂၀၂၁ခုနှစ် မတ်လ ၁ ရက်မှ ဧပြီလ ၂၆ ရက်နေ့အထိ အပတ်စဉ် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံစိမ်းဈေးနှုန်းပြောင်းလဲမှုများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

 

       ပြည်တွင်း စက်သုံးဆီဈေးနှုန်းများအနေဖြင့် Nay Pyi Taw Denko စက်သုံးဆီ ဆိုင်များ၏ ရောင်းဈေးများအရ မေလ ၄ ရက်တွင် အောက်တိန်း 92 တစ်လီတာလျှင် ၉၇၀ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၀၆၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၉၇၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၉၉၀ကျပ်ဖြင့် ပေါက်ဈေးရှိကြောင်း သိရှိရပါ သည်။

      မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ် နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် မြစ်ကြီးနားမြို့တွင် ဓာတ်ဆီ တစ်ဂါလန်လျှင် ၄၇၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၄၆၄၀ ကျပ်၊ လားရှိုးမြို့တွင် ဓာတ်ဆီ တစ်ဂါလန်လျှင် ၄၆၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၄၅၀၀ ကျပ်၊ မကွေးမြို့ တွင် ဓာတ်ဆီ တစ်ဂါလန်လျှင် ၄၄၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၄၄၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းများဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။