ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်

Powered by Drupal

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီအား မြို့နယ်အုပ်ချုပ်ရေးမှူး မှ ဥက္ကဌအဖြစ် တာဝန်ယူလျှက် ဌာနဆိုင်ရာအသီးသီးမှ အဖွဲ့ဝင် (၁၅) ဦးဖြင့် မြို့နယ်အဆင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါကော်မတီတွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ရပြီး ၂၁.၃.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မင်း၊ ကျိုက်ထိုမြို့နယ် တာဝန်ခံနှင့် ကော်မတီဝင်များသည်  ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်တွင် ရောဂါကူးစက်ဖြစ်ပွားရာ ဒေသများမှ လာရောက်သူများမှတစ်ဆင့် လူစုလူဝေးကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် အသွားအလာပိတ်ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ယခုအချိန်တွင် ကျိုက်ထီးရိုးတောင်တက်ကားများ စတင်ပိတ်သိမ်းခြင်း၊ ဘုရားရင်ပြင်တော် ပေါ်ရှိ မော်တော်ယာဉ်များ၊ တည်းခိုခန်းများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ စတင်ပိတ်သိမ်း လျှက်ရှိပြီး ဘုရားဖူးပြည်သူများနှင့် ဈေးသူဈေးသားများ မိမိတို့နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာ လျှက်ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန