တောင်ငူမြို့တွင် ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။

      ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာ အုပ်စုမှ အခြေခံလူတန်း စား စားသုံးသူပြည်သူများအား Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ ပိဿာ ၆၆၀ ကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

         Diamond Dragon Co.,Ltd သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လလယ်ပိုင်းအထိ အဆင့်မြင့် စားအုန်းဆီ ၆၈၁၁၂ ပိဿာ (၁၁၁.၂၅ တန်)ရောင်းချပေးခဲ့ပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)