မုံရွာမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်းများ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ကနီမြို့နယ်များတွင် နှမ်း၊ ပဲမျိုးစုံ၊ ပန်းမျိုးစုံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်အပြင် ဥယျာဉ်ခြံမြေသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပြီး မုံရွာမြို့နယ်နှင့် ကနီမြို့နယ်များတွင် ငှက်ပျောများ စိုက်ပျိုးထားရှိကြောင်း သိရသည်။

             ငှက်ပျောသီးနှံကို ဇူလိုင်လတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီးတစ်နှစ်ကျော်အကြာ စက်တင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အများဆုံး စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောသားတက်များကို တူးယူ၍ ၃-၄ ရက်ခန့် အခြောက်ခံကာ စိုက်ပျိုးရပြီး တစ်ဧကလျှင် ငှက်ပျောသားတက် ၇၀၀-၈၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ငှက်ပျောသားတက်ရှင်းလင်းခြင်း အပါအဝင် တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင် ၁၈၀၀-၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ မြေအနေအထားပေါ်မူတည်၍ အထွက်နှုန်း ကွာခြားကြောင်း၊ တစ်ခိုင်လျှင် ရောင်းတန်းဝင် ငှက်ပျောဖီး ၄-၅ ဖီးခန့် ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့်  အောက်တိုဘာလ တတိယပတ်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ရောင်းတန်း ဝင် တစ်ဖီးလျှင် ၂၀၀၀- ၂၅၀၀- ၃၀၀၀ ကျပ်၊ အဖျား တစ်ဖီးလျှင် ၁၀၀၀-၁၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းကျော်ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ငှက်‌ပျောပွဲရုံများ၊ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောသီး အစိမ်းများကို ငှက်ပျောကြော်ရောင်းချသူများက နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)