အောင်လံမြို့နယ်ရှိ မိုးကောင်းနှင့် မိုးဖုန်းကျေးရွာများမှ သကြားပြောင်းဖူးများသရက်မြို့မစည်ပင် ဈေးကြီးအတွင်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မဈေးကြီးအတွင်း မိုးသီးနှံဖြစ်သော သကြားပြောင်းဖူးများ အောင်လံမြို့နယ် မိုးကောင်းကျေးရွာနှင့် မိုးဖုန်းကျေးရွာများမှ အများအပြား ဝင်ရောက်လျက်ရှိပါသည်။ သကြားပြောင်းဖူးကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး တစ်ဧကလျှင်ပြောင်းဖူးမျိုးစေ့(၇)ပြည် ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးစရိတ်၊ မျိုးသွင်းအားစုနှင့် လုပ်သားခများ အပါအဝင်စုစုပေါင်း ကုန်ကျစရိတ်ကျပ်(၅၅၀၀၀၀)ကုန်ကျကြောင်းနှင့် အထွက်နှုန်းမှာ အဖူးရေ(၃၈၀၀ မှ ၄၀၀၀)ခန့် ထွက်ရှိ ကြောင်း၊ စက်တင်ဘာလတွင် စတင်ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း သိရသည်။

          သကြားပြောင်းဖူးများကို ကုန်သည်များမှ အခင်းထဲသို့လာရောက် ဝယ်ယူကြကြောင်း၊ အခင်းဈေး ပြောင်းဖူး တစ်ဖူးလျှင် (ဂျွန်) ကျပ် (၃၀၀) ရကြောင်း၊ ပြောင်းဖူးများမှာ ဖွံ့ဖြိုးကြီးထွားပြီး တစ်ရာသီစာ ပြောင်းဖူးသီးနှံ တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်များ နှုတ်ပြီး ကျပ်(၆၀၀၀၀၀) ခန့်မြတ်ကြောင်း၊ ပြောင်းဖူးသီးနှံပင်ကိုလည်း နွားစာအဖြစ် ပြန်လည်ရရှိကြောင်း၊ ယခု‌၂၀၂၆ခုနှစ်၊ အောက်တိုဘာလတွင် သကြားပြောင်းဖူးများ ပိုမိုအဝယ်လိုက်လာကြောင်း၊ စိုက်ပျိုးသူတောင်သူများ အနေဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း မိုးကောင်းကျေးရွာ သကြားပြောင်းဖူးစိုက်ပျိုးရောင်းချသည့် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)