အိန္ဒိယနိုင်ငံဂျင်းစိုက်တောင်သူများမှ ဆလိုဗေးနီးယားမှတစ်ဆင့် ဥပရောပသို့ တင်ပို့နိုင်ရေး နည်းလမ်း ရှာဖွေလျက်ရှိ

Powered by Drupal

    အိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်ရှိ Karbi Anglong ခရိုင်တွင် ဂျင်းစိုက်ပျိုး‌တောင်သူများ အနေဖြင့် ဆလိုဗေးနီးယားနိုင်ငံမှတစ်ဆင့် ဥရောပဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်းများ ကို ရှာဖွေလျက်ရှိကြပါကြောင်း၊ အိန္ဒိနိုင်ငံဆိုင်ရာ ဆလိုဗေးနီးယားနိုင်ငံ သံအမတ်ကြီး Tomaz Mencin အနေဖြင့် ဆလိုဗေးနီးယား စီးပွားရေးလုပ်ငန်းများ၊ ဥရောပကုန်စည် ဖြန့်ဖြူးမှု ကွန်ရက်နှင့် ဒေသတွင်းဂျင်းကဏ္ဍ ချိတ်ဆက်ဆောင်ရွက်မှုအပေါ်တွင် စိတ်ဝင်စားလာမှုရှိလာပါကြောင်း သိရှိ ရသည်။

   ဆက်လက်၍ Mencin သည် ဇန်နဝါရီလ ၈ ရက်နေ့တွင် Karbi Anglong ခရိုင်၌ ပထမဆုံး အကြိမ် ကျင်းပသည့် ဂျင်းပွဲတော် (Ginger Festival) ကို သွားရောက်လေ့လာခဲ့ပြီးနောက် ဒေသ နှစ်ခုအကြား စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှု အခွင့်အလမ်းများကို လေ့လာဖော်ထုတ်ခဲ့ပါကြောင်း၊ ဥရောပသမဂ္ဂတွင် ဆလိုဗေးနီးယားနိုင်ငံ၏အဖွဲ့ဝင်ဖြစ်ခြင်းသည် EU ၏ တစ်ခုတည်းသော ဈေးကွက် (EU Single Market) သို့ ဝင်ရောက်ခွင့်ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

     Karbi Anglong ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကောင်စီ (KAAC) အနေဖြင့် ဂျင်းနှင့် ဂျင်းဖြင့် ပြုလုပ်ထားသော ထုတ်ကုန်များအား ပို့ကုန်အခွင့်အလမ်းများ ရရှိလာစေရန် အစိုးရဌာနများ၊ ရင်းနှီး မြှုပ်နှံသူများ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိပါကြောင်း၊ Karbi Anglong ခရိုင်သည် နှစ်စဉ် ဂျင်းတန်ချိန် ၃၀,၀၀၀ ကျော် စိုက်ပျိုးကြပြီး တောင်သူ ၁၀, ၀၀၀ နီးပါး သီးနှံအပေါ် မှီခိုအားထားနေရကြောင်း၊ ဂျင်းကို Singhasan Hills တောင်တန်းဒေသတွင် ပိုမိုအလေးထားစိုက်ပျိုးကြပြီး စိုက်ပျိုးတောင်သူများမှ ရိုးရာရွှေ့ပြောင်းတောင်ယာ (jhum) နှင့် ကုန်းမြင့်စိုက်ပျိုးရေး (tila) နည်းလမ်းများကို အသုံးပြုကြသည်။

    ခရီးသွားလုပ်ငန်းအပေါ် တာဝန်ယူဆောင်ရွက်သည့် KAAC အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ Ritesh Enghi မှ ဆွေးနွေးမှုများကို အစိုးရဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဈေးကွက် ဝင်ရောက်မှု တိုးချဲ့ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ ၎င်းမှ မိမိတို့အနေဖြင့် ဂျင်းသီးနှံ ကမ္ဘာ့ဈေးကွက် ဝင်ရောက်ရန် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ပြီး အဖွဲ့အစည်း အသီးသီး၊ အစိုးရဌာနများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ဆလိုဗေးနီးယားကဲ့သို့ ပြည်ပနိုင်ငံများတွင် ဈေးကွက်တိုးချဲ့ရန် အနာဂတ်အစီအမံ ရှိကြောင်း ပြောကြားချက်အရ သိရှိရသည်။

Source: Fresh Plaza, 12 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)