သံပုရာသီး၏ ကျန်မာရေးအကျိုးကျေးဇူးများ

Powered by Drupal
Mon, 10/05/2026 - 09:49 -- consumer_admin

                သံပုရာသီးသည် ချဉ်ချဉ်လေးနဲ့ခံတွင်းရှင်းစေသည့် အသီးတစ်မျိုးဖြစ်သည်။သံပုရာသီးမှာ ပါတဲ့အာဟာရဓာတ်တွေကတော့  ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B6၊ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် တို့ ပါဝင်ပါသည်။ သံပုရာသီးတွင် ကျန်းမာရေးအတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝခြင်း၊ ကိုယ်ခံအားကောင်းစေနိုင်ခြင်း၊ အရေပြားကျန်းမာစေနိုင်ခြင်း၊နှလုံးရောဂါ ကာကွယ်ပေးခြင်း၊ ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးခြင်း၊သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးခြင်း၊ ကင်ဆာအချို့ဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း တို့ကိုကာကွယ်ပေးပါသည်။ ဆဲလ်တွေကိုဓာတ်တိုး ပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် သံပုရာသီးက အထိရောက်ဆုံးကာကွယ် ပေးနိုင်ပါသည်။ ဓာတ်တိုးပစ္စည်းတွေများပြားတာက ဆဲလ်တွေကိုပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါသည်။သံပုရာသီးမှာတော့ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုတင်ကာကွယ် ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါကာကွယ်ပေးပါသည်။ သံပုရာသီးမှာ ကိုယ်ခံအားကောင်းစေနိုင်သည့် ဗီတာမင် C ကြွယ်ဝတာ​ကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသည်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာ ကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပါ သည်။ဗီတာမင်C က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက် ရှိမှုကိုလှုံ့ဆော်စေသလိုဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးပါသည်။ သံပုရာသီးက အရေပြား ကျန်းမာစေနိုင်ပြီး အသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါသည်။ ဗီတာ မင်Cပါဝင်သလို ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါသည်။ အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာကင်းစေပါသည်။ အသက် အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးပါသည်။ နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုဖြစ်ပီး ကိုယ့်ကိုယ်ကိုယ် ကာကွယ် ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို စားပေးလို့ရပါသည်။ ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသည့် အပြင်သွေးကြောထဲတွင် အဆီများစုပုံတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါသည်။ နှလုံးသွေး ကြောကျဉ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ သံပုရာသီးသည် ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးနိုင်သည့်အပြင် သံပုရာသီးမှာပါဝင်သည့် citric acid က ကျောက်ကပ်ကျောက်မတည်အောင် အထိရောက်ဆုံးကာကွယ် ပေးနိုင်ပါသည်။ သွေးနီဥဆဲလ် တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်အတွက် အောက်ဆီ ဂျင်ကိုလည်း ထောက်ပံ့အားဖြည့်ပေးပါသည်။ ခန္ဓာကိုယ်အတွင်း သံဓာတ်အားနည်းရင် ခြေကုန် လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလို ဆံသား နဲ့ အသားအရေတွေ ခြောက်သွေ့နိုင်ပါသည်။ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါသည်။ ကင်ဆာရောဂါကာကွယ်ရာတွင် သံပုရာသီးလိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားသင့်ပါသည်။ သံပုရာသီးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး ကင်ဆာဆဲလ်တွေကြီးထွားမလာအောင် ဟန့်တားပေးပါသည်။ သံပုရာသီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။သံပုရာသီးက ကျန်းမာရေးအတွက် ကောင်းပြီး တန်ဆေးလွန်ဘေးဆိုသလိုပဲ အများကြီးစားမိရင် ထိခိုက်တာမျိုးဖြစ်စေနိုင်ပါသည်။ထိုကြောင့် ရောဂါအခံရှိသူတွေ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါသည်။ သံပရာပင်ကိုမြန်မာနိုင်ငံတွင်အနှံ့အပြားစိုက်ပျိုး ကြ၍ မြစ်ငယ်၊ ရွှေကျင်၊ မုတ္တမနှင့် တောင်ငူနယ်များတွင် အမြောက်အမြားစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် သံပရာပင်ကို အစေ့စိုက်၍လည်းကောင်း၊ မြေထုပ်စည်းနည်းဖြင့်လည်းကောင်း မျိုးပွားယူကြသည်။ သံပရာပင်စိုက်ပျိုးသောအခါ အတန်းလိုက်တပင်နှင့်တပင် အနည်းဆုံး ၁၅ပေ ခန့်ခွာစိုက်ပျိုးမှသာ အသီးများစွာသီးနိုင်သည်။ သံပရာပင်သည် အပင်ပုမျိုးဖြစ်၍ အပင်အမြင့် ရှစ်ပေမှ ၁၅ပေအထိသာရှိသည်။ အရွက်မှာငယ်၍ စိမ်းဖျော့ဖျော့အရောင်ရှိသည်။ ဆူးတက် ကလေးများပေါသောအပင်ဖြစ်သည်။ စ၍စိုက်ပျိုးချိန်မှ သုံးနှစ် သို့မဟုတ် လေးနှစ်တွင် စ၍ အသီးသီးသည်။ သံပုရာသီးသည် မန္တလေးဈေးကွက်တွင် တစ်လုံးလျှင် ၁၀၀ကျပ် မှ ၂၀၀ကျပ်ထိ ရောင်းချလျက်ရှိပါသည်။

DOCA(မန္တလေး)