“ရိုးရာဒေသထွက် ပဲစိမ်းကြော်လုပ်ငန်းမှ စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ဖွံ့ဖြိုးလာမှု”

Powered by Drupal
Tue, 09/01/2026 - 15:32 -- consumer_admin

             မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၃၈တွင်ရှိပြီး မန္တလေး-မူဆယ်လမ်းပေါ်ရှိ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ မန္တလေးမြို့နှင့် ဆိုလျှင်(၄၂)မိုင်သာကွာဝေးပြီး မြန်မာနိုင်ငံအနှံ့အပြားမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ် စရာနေရာများစွာရှိပြီး အေးမြသောရာသီကအစ မြို့နယ်တွင်းဝင်သည်နှင့် လာရောက်လည်သူများ၏ ပင်ပန်းနွယ်မှုပြေပြောက်ကာစိတ်လန်း၊လူလန်းဖြစ်အောင်ကြိုဆိုလျက်ရှိပါတယ်။ ခရီးသွားဧည့်သည် ဝင်ရောက်မှုများလာသည်နှင့်အမျှ ဒေသထွက် အမှတ်တရထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများလဲ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိပါတယ်။ထိုအထဲမှ ၂၁မိုင် ပဲစိမ်းကြော် လုပ်ငန်းသည်လည်း ပြည်တွင်းစား သုံးသူများ၏ ဝယ်လိုအားသည် ခရီးသွားဧည့်သည်တို့၏ ပြင်ဦးလွင်အပြန်လက်ဆောင်၊ အနယ်နယ် အရပ်ရပ်သို့ နေ့စဉ်တင်ပို့သည့် အခြေအနေများကြောင့် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာလျက် သိရပါသည်

                 ယခင်ကပဲစိမ့်ကြော်လုပ်ငန်းကို (၁၉၇၀)ခု နှစ်ခန့်က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ စတင်  လုပ်ငန်းစတင်စဉ်က ဆိုင်အနေဖြင့်(၅)ဆိုင်သာ စတင်ခဲ့ပြီး ယနေ့ဆိုလျှင် ပဲစိမ့်ကြော်လုပ်ငန်းလုပ်ကိုင်သည့် ဆိုင်ပေါင်း(၁၀၀)နီးပါးထိ ရှိလာပြီဖြစ်ပါတယ်စားတော်ပဲကုန်ကြမ်းကို မန္တလေးမြို့ မှတစ်ဆင့်ဝယ်ယူရပြီး ဆိုင်အငယ်ဆုံးသည် တစ်နေ့လျှင် စားတော်ပဲ(၅)ပြည်မှ(၈)ပြည် ၊ ဆိုင်အကြီး ဆုံးသည် (၁)တင်း မှ (၃)တင်းအထိ ကုန်ကြမ်းသုံးစွဲရကြောင်း၊လုပ်သားအနေဖြင့် အမျိုးသမီး(၃)ဦးမှ (၁၀)ဦးထိရှိကြောင်း၊ အကြော်အရသာအနေဖြင့် ပဲစိမ်းကြော် အပျော့ကြော်ဟူ၍ အရသာ(၂)မျိုး ရရှိနိုင်ကြောင်းဆီသုံးစွဲမှုအပိုင်းတွင်လည်း စားတော်ပဲ(၁)ပြည်လျှင်ဆီ(၁)ပိဿာသုံးစွဲရပြီး ဆိုင်တိုင်း အကြော်ဆီကို စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ထုပ်စျေးနှုန်းဖြင့် ဝယ်ယူအသုံးပြုဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂတ်မှာလည်း ပဲစိမ်းကြော်လုပ်ငန်းသည် ယခုထက်ပို၍ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်းသိရှိရပါသည်။ ပဲစိမ်းကြော်လုပ်ငန်း နှင့် အတူဒေသတွင်းထွက် ပဲတိုင်ထောင်ခေါ် ထောပတ်ပဲသည်လည်း စိုက်ဧက (၃၀၀)ဧကခန့်ရှိပြီး ဒေသထွက်ထောပတ်ပဲစိမ်းမှ ရောင်းချဖို့ ဈေးကွက်ရှာရခက်ပေမဲ့ ယခု ခေတ်မီစက်အကြီးများသုံးစွဲပြီး နေ့စဉ်ကြော်သည့် လုပ်ငန်းများစွာက ထောပတ်ပဲစိမ်း ဝယ်ယူသုံးစွဲတဲ့လုပ်ငန်းတွေရှိလာတာကြောင့် ပဲစိမ်းဈေးကွက်သည်လည်း ပိုမိုရရှိ ခိုင်မာလာပါတယ်။ အဓိက ပဲစိမ်းကြော်လုပ်ငန်း အဆင့်ဆင့်သည်လည်း မိရိုးဖလာအတိုင်း ပဲစိမ်း ရွေးချယ်ခြင်း၊သန့်စင်ခြင်း၊ပြင်ဆင်ခြင်း၊ကြော်ခြင်း၊အရသာထည့်ခြင်း၊ အအေးခံထုတ်ပိုးခြင်း လုပ်ငန်း အဆင့်ဆင့်လုပ်ကိုင်ကြပြီး ဧည့်သည်များအတွက် ပဲစိမ်းအကြော်အား (၅၀)သားထုပ်၊(၁)ပိဿာထုပ် များထုပ်ပိုးပြီး လက်လီရောင်းချလျက်ရှိပြီး မြို့ကြီးများသို့ ပိဿာ(၃၀)အိတ်များဖြင့် (၁၅)ရက် တစ်ကြိမ် တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။

              ပဲစိမ့်ကြော် နှင့် ထောပတ်ပဲစိမ်းကြော်လုပ်ငန်း (၂)မျိုးလုံးသည် စိုက်ပျိုးရေးဒေသထွက် ထွက်ကုန်များ ထုတ်လုပ်ရာတွင် ပြင်ဦးလွင်မြို့၏ ထင်ရှားလူသိများပြီး ဒေသထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ရောင်းချသည့် အသေးစားနှင့် အလတ်စားလုပ်ငန်း များလည်း တိုးတက်လာလျက်ရှိသည်။ “လင်းရောင်နီ” ပဲကြော်လုပ်ငန်းရှင် ဦးဖြိုးဝေဟန်မှလည်း ကျွန်တော့အနေနဲ့ ဒေသထွက်ကုန်ကို အသုံးပြုပြီး စားသုံးသူတွေအတွက် အရည်အသွေးကောင်းတဲ့ ထုတ်ကုန် တစ်ခုဖြစ်အောင် အဓိကထားလုပ်ဆောင်ပါတယ်။ အရင်ကထက် စားသုံးသူတွေရှိလာပြီး ဝယ်လိုအားလည်း ပိုမိုကောင်းမွန်လာပါတယ် ။ ဝယ်လိုအားကောင်းပြီး လုပ်ငန်းဖွံ့ဖြိုးလာခြင်းနှင့် အတူ ကုန်ကြမ်းပဲစိမ်းများ ဝယ်ယူသုံးစွဲမှုမှ တစ်ဆင့် ဒေသပဲစိုက်တောင်သူများအတွက် ဈေးကွက် တစ်ရပ်ရရှိလာနိုင်သည့်အပြင် ထုတ်လုပ်ရေး၊ ထုတ်ပိုးရေး နှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ တွင်လည်း ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်လျက်ရှိကြောင်း ပြောကြားလာပါတယ်။ ဒေသအတွင်း တိုင်ထောင် ထောပတ်ပဲစိုက်တောင်သူ ဦးဖိုးအောင်မှလည်း အရင်က ပဲစိမ်းထွက်ကုန်ကို အခြားဈေး ကွက်တွေမှာပဲ အဓိကရောင်းချရတာမျိုးရှိကြောင်း အခုလို ဒေသတွင်းက ထုတ်လုပ်ရေးလုပ်ငန်းတွေ ကဝယ်ယူအသုံးပြုလာတာကြောင့် ဈေးကွက်ပိုရလာကာ တင်ပို့ရောင်းချရသည့် ယ်ယူစရိတ် သက်သာခြင်းကြောင့် အကျိူးအမြတ် ပိုမိုရရှိလာကြောင်း လည်းသိရှိရပါတယ်။ လုပ်ငန်းရှင်များဘက်မှ ကုန်ကြမ်းဈေးနှုန်း ပြောင်းလဲမှု နောင်တွင် စားသုံးဆီ ယခုလို ဈေးသက်သာသော ဈေးနှုန်းမရရှိခြင်း ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ မြင့်တက်မှု၊ ထုတ်ပိုးပစ္စည်းဈေးနှုန်းများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတို့မှာ လုပ်ငန်းဖွဲ့ဖြိုးရေးအတွက် စိန်ခေါ်မှုအဖြစ် ရှိနေကြောင်းလည်း သိရသည် ။ အဆိုပါ စိန်ခေါ်မှုများကြား မှ ထုတ်ကုန်အရည်အသွေး၊ အစား အသောက်သန့်ရှင်းမှု ၊ ထုတ်ပိုးမှု နှင့် ဈေးကွက်ဖြန့်ချီရေးတို့ကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ကာ ပဲစိမ့်ကြော် နှင့် ပဲစိမ်းကြော်ကို ပြင်ဦးလွင်ဒေသ၏ ထင်ရှားသည့် ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံတော်အပိုင်းမှလည်း ဒေသတိုင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ပေးနေပြီဖြစ်ရာ ဒေသထွက်ကုန်ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ခြင်းသည် ဒေသခံတောင်သူများ၏ ဈေးကွက်ရရှိရေး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးနှင့် ဒေသတွင်း စီးပွားရေးလည်ပတ်မှုတို့အတွက် အထောက်အကူဖြစ်စေနိုင်သည်ဖြစ်ရာ ၂၁ မိုင် ဒေသ၏ ပဲစိမ့်ကြော် နှင့် ပြင်ဦးလွင် ပဲစိမ်းကြော်လုပ်ငန်းတို့သည် ဒေသထွက်ကုန် ဖွံ့ဖြိုးရေး၏ နမူနာတစ်ရပ် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)