“ကျန်းမာရေးကောင်းကျိုးပြုယာကွန်ဉကိုဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြားပို့ ထုတ်ကုန်ဆီ”

Powered by Drupal
Tue, 09/01/2026 - 12:42 -- consumer_admin

ကျန်းကျန်းမာမာအသက် (၁၀၀) နေလိုလျှင် စားသောက်နေထိုင်ရှင်သန်မှု နည်းလမ်းများစွာမှာ အရေးပါသောကြောင့် လူတိုင်းကိုလိုလားတောင့်တကြသည့် ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဦးစွာဆန္ဒမွန်ပြုအပ်ပါသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်နည်းများစွာထဲမှ ရွေးချယ်မှုတစ်ခုကို မျှဝေပေးလိုသောကြောင့် ဤဆောင်းပါးအား ရေးသားပြုစုရခြင်း ဖြစ်ပါသည်။ အသက်ရှည်ဆေးတစ်ခုပေး၍ စီးပွားဖြစ်ရေး ရှေးရှုတွေးကာ  သဘာဝအရင်းအမြစ် အသုံးပြု ကိုယ်ပိုင်ဝင်ငွေတစ်ခုမှ နိုင်ငံခြားဝင်ငွေဖန်တီးနိုင်မည့် အခွင့်လမ်းကောင်းတစ်ခုကို မျှဝေချင်ရာ စေတနာမှာ မြန်မာ့ယာကွန်ပင်တစ်ခုမှ ကျန်းမာရေးကောင်းကျိုးပြု ယာကွန်ဉကို ဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြားပို့ ထုတ်ကုန်ဆီ ထုတ်လုပ်ရောင်းချနိုင်ဖို့ ယခုဆောင်းပါး ဆက်ကိုဖတ်ကြရန် ဦးစွာနှိုးဆော် အပ်ပါသည်။ ဦးစွာပထမ ‘ယာကွန်ပင်၏ခရီးအစ’ မှ၊ ‘စိုက်ပျိုးရလွယ် ဆေးဘက် နွယ်ဝင်ယာကွန်ပင်’၊ ‘ဗီတာမင်အုပ်စုများကြွယ်ဝစွာ ယာကွန်ဉထဲမှာ’၊ ‘သကြားအစားထိုး ကျန်းမာရေး ကောင်းကျိုးပြုအချို’၊‘အကျိုးရှိစွာ အသုံးပြု ယာကွန်ဉ’၊‘ဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြား ပို့ထုတ်ကုန်ဆီ’ အထိ စသည့် အကြောင်းအရာများပါဝင်ပါသည်။

 

‘ယာကွန်ပင်၏ခရီးအစ’

            နှစ်ရှည်ခံအပင်ဖြစ်သော    ယာကွန်ပင်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိဒေသအများစု၌  အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင်မျိုးရင်းသည်  Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ်  Smallanthus Sonchifolius ဖြစ်သည်။  မူလစိုက်ပျိုးရာဒေသမှာ တောင်အမေရိကတိုက်ဖြစ်ပြီး  ကိုလံဘီယာနှင့် အာဂျင်တီးနားနိုင်ငံတို့၌ စိုက်ပျိုးကြသည်။ ယာကွန်ပင်    အပေါ်ပိုင်းအပင်ခြောက်၍  အရွက်ကြွေကျချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံးနိုင်ပြီဖြစ်သည်။     တူးဖော်ရာတွင်   ယာကွန်ဥများကို ထိခိုက်မှုမရှိစေရန်  အထူးဂရုစိုက်ရမည်ဖြစ်သည်။

            ယာကွန်ဥသည် ပျမ်းမျှအလေးချိန် ၃၀၀ ဂရမ်ခန့်ရှိပြီး  ကြီးထွားသန်မာပါက  ၂၀၀၀  ဂရမ်ခန့်အထိရှိသည်ကို တွေ့နိုင်သည်။ ယာကွန်ဉသည် မာကြွပ်ဆတ်၍ အရည်ရွှမ်းပြီး ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့ ချိုမြိန်နေသော  မြေအောက်ရှိ  ထူးခြားသောပင်စည်ဥ (Tuber Root) ဖြစ်ပြီး စား၍ ရသောကြောင့် အများဆုံးစိုက်ပျိုးကြသည်။ ယာကွန်ဥကို တူးဖော်ပြီးနောက် ခြောက်သွေ့၍ အေးမြပြီး လေဝင်လေထွက်ကောင်းသောနေရာတွင်ထားပါက ကာလအတန်ကြာအထိသိုလှောင်ထားနိုင်သည်။ ယာကွန် ဉ နေရောင်တွင် နှစ်ပတ်ခန့် လှန်းပြီး စားသုံးပါက  အချိုအရသာ ပိုမိုရှိစေသည်။  အပင်တွင်းကစီဓာတ် (Carbohydrate) များပြောင်းလဲလာခြင်းကြောင့် သိုလှောင်စဉ်အတွင်း သကြားဓာတ်ပါဝင်မှု တိုးလာ၍ ဖြစ်သည်။

 

‘စိုက်ပျိုးရလွယ် ဆေးဘက်နွယ်ဝင် ယာကွန်ပင်’

            ယာကွန်ပင်သည် စိုက်ပျိုးရလွယ်သည့်အပင်ဖြစ်၍ မည်သည့် စိုက်ပျိုးရေးအတွေ့အကြုံမျှမလိုဘဲ  အလွယ် တကူစိုက်ပျိုး နိုင်သည်။  ယာကွန်ဥအား အရည်ရွှမ်းသောဥ၊ မြေအောက်သစ်တော်သီး၊    မြေအောက် ပန်းသီး၊ ယာကွန်အာလူး၊  ယာကွန်စတော်ဘယ်ရီဟု နိုင်ငံကိုလိုက်၍ ခေါ်ဆိုမှုအမျိုးမျိုးတွေ့ရသည်။ တချို့နိုင်ငံများ တွင် ယာကွန်ဥကို Super Food ဟုခေါ်ဆိုကြသည်။ ယင်းသည် ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်သည်။             ယာကွန်ပင်များသည်  အများအားဖြင့် ၄ ပေမှ ၅  ပေအမြင့်ထိရှိသည်။ အေးမြသောရာသီဥတုမျိုးကို ကြိုက်နှစ်သက်သည်။  တချို့နေရာတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိပါက  ၇ ပေမှ ၈ ပေအထိမြင့်သည်။ စိုက်ပြီး ငါးလမှ ကိုးလအတွင်း ပန်းပွင့်၍   ပန်းပွင့်မှာ အဝါရောင်ဒေစီပန်းကဲ့သို့ သေးငယ်သည့် အရွယ်ရှိကာ  အစိမ်းရင့်ရောင်အရွက်များရှိသည်။

            ယာကွန်ပွင့်ကို ရုတ်တရက်ကြည့်ပါက အေးသောဒေသတွင်ပေါက်သော နေကြာအရိုင်းပန်းပွင့်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။  ယာကွန်ပင်သည်  နေကြာပန်းအမျိုးအနွယ်တွင်ပါဝင်သည်။ ယာကွန်ပင် အထက်ပိုင်း ပန်းပွင့်သည် နေကြာပန်းကဲ့သို့ဖြစ်ပြီး အောက်ဘက်အမြစ်သည် ကန်စွန်းဥကဲ့သို့အသွင်ရှိကာ အရသာမှာ အရည်ရွှမ်းသောပန်းသီး၊  သစ်တော်သီးကဲ့သို့ ရှိသောကြောင့် ထူးခြားပြီး ဆွဲဆောင်မှုရှိသော အပင်တစ်မျိုး ဖြစ်သည်။  ယာကွန်ဥကို အရောင်မျိုးစုံတွေ့နိုင်သည်။

            အများအားဖြင့် ယာကွန်ပင်၏မူလဒေသဖြစ်သော တောင်အမေရိကတိုက်တွင် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင် တို့ရှိပြီး ထင်ရှားသောအနံ့အရသာရှိသည်။   မြန်မာနိုင်ငံတွင်   အဝါရောင် ယာကွန်ဥကို အများဆုံးတွေ့ရသည်။   အများအားဖြင့် ယာကွန်ဥအခွံသည်အဝါရောင်သန်းသည့် အညိုရောင် ဖြစ်သည်။  မြေအောက်မြစ်ဖြစ်သော ယာကွန်ဥကိုချက်ပြုတ်၍ သော်လည်းကောင်း၊ အစိမ်းသော် လည်းကောင်း စားသုံးနိုင်သည်။ ထို့ပြင် ယာကွန်ဥသည် အချိုဓာတ် ရသဖြင့် သကြားအစားထိုး အဖြစ် အစားအစာအမျိုးမျိုးတွင် ကျန်းမာရေး အစားအစာအဖြစ်   ထည့်သွင်းကြသည်။   ယာကွန်ဥဖျော်ရည် (Yacon Syrup) သည်   ချဉ်ဖန်ကိန်း  pH-5.4  ရှိ၍ အက်စစ် ဂုဏ်သတ္တိအနည်းငယ်ရှိပြီး အနည်းငယ် ချဉ်သော အရသာရှိသည်။

            ယာကွန်ဥတွင် ၈၉ ဒသမ ၉ ကစီဓာတ် 9-13 g/100g၊  အမျှင်ဓာတ်  3.1-4 mg/100 g၊  Fructooligo-saccharide  (FOS) 6.4-70%၊ အသားဓာတ်   2.7-4.9 g/100 g  နှင့်  သကြားဓာတ်  15-40 ပါဝင်သည်။ ယာကွန်ဥတွင်    သွေးအတွင်းရှိ   သကြားဓာတ်ကို ထိန်းညှိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ပါဝင်မှုမြင့်မားသည်။  အင်ဆူလင်သည် ရှုပ်ထွေးသောဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဖြည်းညင်းစွာ ပြိုကွဲပါက Fructose ဟုခေါ်သော အချိုသတ္တိရှိ သကြားဓာတ်အမြောက်အမြားကို ထုတ်ပေးသည်။ ယာကွန်ဥတွင်  Fructose  အမြောက်အမြားပေါင်းစည်းထားသော  Fructooligosaccharine ဓာတ်ပေါင်း နှင့် ရေတို့အဓိကပါဝင်သည်။

            ထိုဓာတ်ပေါင်းကို  ခန္ဓာကိုယ်မှ ချေဖျက်နိုင်စွမ်းမရှိပေ။   ထိုဓာတ်ပေါင်းကြောင့်   Fructose   သည် ထူးခြားစွာတန်ဖိုးရှိချိုမြိန်နေသည်။     Fructose ဆိုသည်မှာ  Fruit Sugar (အသီးအနှံတို့တွင် ပါဝင်သော အချိုဓာတ်) ဖြစ်သည်။ သဘာဝအားဖြင့်  အသီး၊ ပျားရည်နှင့်အမြစ်တို့တွင်  တွေ့နိုင်သည်။ သကြားဓာတ်များ ဖြစ်သည့် Sucrose ၊ Glucose ၊ Fructose နှင့် Lactose  တို့တွင်  Fructose   သည် အချိုဆုံးဖြစ်သော်လည်း  ခန္ဓာကိုယ်အတွက်   အချိုဓာတ်အနည်းဆုံးပေးသောအရာဖြစ်သည်။ ယင်းကို သကြားအစားထိုးအချိုအဖြစ် ဆီးချို၊  သွေးချိုသမားများ အာဟာရဖြည့်စွက်စားသုံးနိုင်သော အရာတစ်ခု ဖြစ်လာသည်။

            ယာကွန်ဥ ၁၀၀ ဂရမ်လျှင် ကစီဓာတ် ၈၉ ဒသမ ၉၀ မီလီဂရမ်၊ အမျှင်ဓာတ် ၄ ဂရမ်၊ အသားဓာတ် ၂ မှ ၅ ဂရမ်နှင့် သကြားဓာတ် ၁၅ မှ ၄၀ ဂရမ်ပါဝင် သည်။ ယာကွန်ဥတွင် သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးသော ဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်(Insulin) ပါဝင်မှုမြင့်မားသည်။ အင်ဆူ လင်သည် ဖြည်းညင်းစွာပြိုကွဲပါက ဖရက်တို့စ်ဟု ခေါ်သော အချိုသတ္တိရှိ သကြားဓာတ်အမြောက် အမြားကို ထုတ်ပေးသည်။ ယာကွန်ဥတွင် သကြားဓာတ်အမြောက်အမြားပေါင်းစည်းထားသော ဖရက်တိုအိုလီဂိုဆက်ခရင်း ဓာတ်ပေါင်းနှင့် ရေတို့ အဓိကပါဝင်သည်။ 

 

‘သကြားအစားထိုး ကျန်းမာရေးကောင်းကျိုးပြုအချို’

             ဖရက်တို့စ်ဆိုသည်မှာ အသီးအနှံတို့တွင် ပါဝင်သော အချိုဓာတ်ဖြစ်သည့် သဘာဝအားဖြင့် အသီး၊ ပျားရည်နှင့် အမြစ်တို့တွင် တွေ့နိုင်သည်။ ဖရက် တို့စ်သည် အချိုဆုံးဖြစ်သော်လည်း ကိုယ်ခန္ဓာအတွက် အချိုဓာတ်အနည်းဆုံးပေးသောအရာ ဖြစ်သည်။ ယင်းကို သကြားအစားထိုး အချိုအဖြစ် ဆီးချိုသွေးချို သမားများအတွက် အာဟာရဖြည့်စွက် စားသုံးနိုင်သော အရာတစ်ခုဖြစ်လာသည်။ ယာကွန်ဥသည် အမျိုး အစား (၂) ဆီးချိုရောဂါကဲ့သို့ အင်ဆူလင်အပေါ်မှာ မှီခိုနေသည့် ရောဂါများ အတွက် သွေးတွင်းသကြားဓာတ် ထိန်းညှိရာတွင် အသုံးဝင်သည်ဟု သုတေသီအချို့က အခိုင်အမာ ဆိုထားပါသည်။

            ယာကွန်ဥတွင် ကိုယ်အလေးချိန် ကျဆင်းစေနိုင်သည့် ပစ္စည်းများပါဝင်နေခြင်းကြောင့် “အဆီကျအာလူး” ဟုလည်း ခေါ်ဆိုကြပါသည်။ ယာကွန်ဥတွင် ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး အချိန် အတော် ကြာဗိုက်ပြည့်နေသည်ဟု ခံစားရသော ဖရက်တိုအိုလီဂိုဆက်ခရိုက်ဓာတ်တစ်မျိုးလည်း ပါဝင် ပါသည်။ ထို့ပြင် ကိုယ်တွင်းရှိ အကျိုးပြုအရာများ ကြီးထွားသန်မာခြင်းကို အားပေးလှုံ့ဆော်သည့် အရာများ ပါရှိသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ရယူမှုကိုလည်း ယာကွန်ဥက ကူညီပေးသည်။

 

‘ဗီတာမင်အုပ်စုများ ကြွယ်ဝစွာ ယာကွန်ဉထဲမှာ’

            ယာကွန်ဥတွင် ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓာတ်အပြင် သက်စောင့်ဓာတ်များ ဖြစ်သော ဗီတာမင်အုပ်စုများဖြစ်သည့် Vitamin A၊ Vitamin B1 ၊ Vitamin B2 နှင့် Vitamin C တို့လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့အပြင် ရောဂါကာကွယ် စေတတ်သော ဓာတ်ပေါင်းများဖြစ်သည့် အယ်လကာရွိုက်၊ ဖေလဖိုနိုက်၊ ဂလိုင်ကိုဆိုဒ်၊ ပရိုတင်း၊ စပိုနင်းနှင့် သကြားဓာတ်တို့ ပါဝင်သည်။ ယာကွန်ဥတွင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော ပိုတက်စီယမ် (K)၊ ကယ်လစီယမ် (Ca)၊ မဂ္ဂနီဆီယမ် (Mg)၊ ဖော့စဖရပ်စ် (P)၊ သံဓာတ် (Fe)၊ ခရိုမီယမ် (Cr)နှင့် သွပ်ဓာတ်(Zn) အစရှိသည့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက် အရေးပါသည့် အမိုင်နိုအက်စစ် အမျိုး ၂၀ လည်း ပါဝင်သည်။

            ယာကွန်ဥသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သကဲ့သို့ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သည့်အပြင် ကိုယ်ခံအားစနစ်ကို တိုးစေပြီး ကိုယ်အလေးချိန် ကျအောင်လည်း အထောက်အပံ့ပေးနိုင်ပါသည်။ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင်လည်း ယာကွန်မှထုတ်သည့် သကြားမှုန့်ကို ထည့်သောက်နိုင်ပါသည်။ ယာကွန်က တန်ဖိုးကြီးသည့် တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်း ကျက်စေနိုင်သည့် အစွမ်းသတ္တိလည်း ရှိပါသည်။

            ဆေးဖက်ဝင် ယာကွန်ဥသည် ဆီးချိုရောဂါကို သက်သာ စေခြင်း၊ ကျောက်ကပ်အတွင်း အကျိုးပြု ဗက်တီးရီးယားတိုးပွားစေခြင်း၊ သွေးအတွင်း သကြားဓာတ်ထိန်းညှိပေးခြင်း၊ မကောင်းသော ကိုလက် စထရောကို နည်းပါးစေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အသည်း ကျန်းမာရေးကို ကောင်းမွန် စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း၊ ဓာတ်တိုးမှုကို ဆန့်ကျင်ခြင်း တို့ကြောင့်လူသိများ ထင်ရှား လာသည်။ ယာကွန်ပင်သည် အရေပြားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သွေးကင်ဆာ ရောဂါများကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ခြင်းအားဖြင့် ဆဲလ်များမျိုးဗီဇ ပြောင်းလဲမှု ကို ဟန့်တားပေးနိုင်သည်။ 

 

အကျိုးရှိစွာ အသုံးပြု ယာကွန်ဉ

            ထို့အပြင် ကြွက်သားမျှင်များ သကြားဓာတ် စုပ်ယူခြင်း၊ ပန်ကရိယအင်ဆူလင်ထုတ်ပေးခြင်း၊ အဆီများညီမျှစေရန် ထိန်းပေးသော ဇီဝကမ္မ လုပ်ငန်းနှင့် ဆက်နွှယ်သော ဆဲလ်လမ်းကြောင်းများ ထိန်းညှိပေးနိုင်စွမ်းတို့ကြောင့် ယာကွန်ဥကို နာတာရှည်ရောဂါကာကွယ်ရန်နှင့် ကင်ဆာကုသရန် တို့တွင် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယာကွန်သည် ခန္ဓာကိုယ်၏အဆီကို ထိန်းညှိပေး ရာတွင် အရေးပါသကဲ့သို့ ကိုလက်စထရောစုပုံမှုများ မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။ ကိုလက် စထရောဇီဝဖြစ်စဉ်ကို ထောက်ပံ့ကူညီပေးခြင်းဖြင့် အသည်း၏ လုပ်ငန်းစဉ်များကို ကာကွယ်ပေးပါ သည်။ ခန္ဓာကိုယ်၏ ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းစဉ် များကိုလည်း အထောက်အကူပြုပေးပါသည်။

            ပိုတက်စီယမ်(K) ပါဝင်မှုများသောကြောင့် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေသည်။ အောက်ဆီဂျင် (O2) လိုအပ်သော ကိုယ်ခန္ဓာတွင်းနေရာများကို အလွယ်တကူ သွားနိုင်စေခြင်းဖြင့် သွေးပြန်ကြောနံရံများ ပုံမှန်လုပ်ဆောင်မှုတို့ ဖြစ်စေသည်။ ဦးနှောက်နှင့် အာရုံကြောများ ကျန်းမာရန်လည်း ကူညီသည်။ ကယ်လစီယမ်(Ca)ပါဝင်မှုကြောင့် အရိုးနှင့် သွားများကို သန်မာစေသည်။ မဂ္ဂနီဆီယမ် (Mg) ကြောင့် သွေးဖိအားကို ပိုမိုကောင်းမွန်စေသည်။ ဖော့စဖရပ်စ်(P) ပါဝင်မှုကြောင့် ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်း၊ ကျောက်ကပ်ကို အလုပ်လုပ်စေခြင်းတို့ကို အထောက်အပံ့ဖြစ်စေသည်။ ကိုယ်ခန္ဓာအတွက် သွေးဆဲလ်များ တည်ဆောက်ပေးသော သံဓာတ် (Fe)ကို ယာကွန်ဥတွင်တွေ့နိုင်သည်။

            သွေးဖိအား ထိန်းချုပ်ပေးသော အင်ဆူလင်ထုတ်မှုတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီသော ခရိုမီ ယမ်ဓာတ် (Cr) ကိုလည်း တွေ့နိုင်သည်။ ယာကွန်ဥတွင် သတ္တုဓာတ် ပါဝင်မှု အနည်းအများမှာ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်၊ သံဓာတ်၊ ခရိုမီယမ် နှင့်သွပ်ဓာတ်တို့ဖြစ်သည်။ သံဓာတ်ချို့တဲ့မှုမှာ သွေးအားနည်းရောဂါ ဖြစ်ရသည့် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ သံဓာတ်က ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဆီကို အောက်ဆီဂျင်သယ်ဆောင် ပေးရသည့် သွေးဖြူဥများ ထုတ်လုပ်ရန်အတွက် လိုအပ်သည့် သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။

            ယာကွန်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိစားသုံးမည့် အစားအစာများတွင် ယာကွန်ကို ထည့်သွင်းစားသုံးပေးခြင်းဖြင့် လိုအပ်သည့် သံဓာတ်ကိုရရှိစေမည် ဖြစ်ပါသည်။ ယာကွန်ဥသည် ဆေးဖက် ဝင်ဓာတ် အမြောက်အမြားပါဝင်ယာကွန်ဥသည် ဆေးဖက်ဝင်ဓာတ် အမြောက်အမြားပါဝင်ပြီး ကိုယ်ကာယကြံ့ခိုင် စေတတ်သည် ဆိုသော်လည်း တချို့သောသူများတွင် ယာကွန်ဖျော်ရည် အနည်းငယ်သောက်ရုံမျှဖြင့် ဝမ်းသွားစေနိုင်သည်။ ဗိုက်နာစေတတ်သည်။ တချို့တွင် ဓာတ်မတည့်မှုဖြစ်စေသည်။

            ထို့ကြောင့် ယာကွန်ဥကို သင့်တင့်မျှတစွာ စားသုံးသင့်ပေသည်။ အလွန်အကျွံစားသုံးပါက အသက် အန္တရာယ်ကို မထိခိုက် စေသော်လည်း ဗိုက်နာခြင်း၊ လေထိုးခြင်းနှင့် ဝမ်းသွားခြင်းလက္ခဏာများကို တွေ့ရမည်ဖြစ်သည်။ ယာကွန်က အူများ၏လှုပ်ရှားမှုကို တိုးတက်စေသောကြောင့် ဝမ်းမချုပ်အောင် ထောက်ပံ့ပေးသည်။ ယာကွန်ဥ၏ အမျှင်ဓာတ်ကြောင့် အနည်းငယ်ဝမ်းပျော့မှုကိုဖြစ်စေကာ အစားအစာ စုပ်ယူမှုကို ပိုမိုအားကောင်း စေနိုင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါများ ကိုလျော့ကျစေနိုင်သည်။ ယာကွန်က အူအတွင်းမှာ အကျိုးပြုဗက်တီးရီးယားများကို တိုးပွားစေခြင်းဖြင့် အစာခြေစနစ်ကို စည်းချက် ညီအောင် လုပ်ဆောင်ပေးသကဲ့သို့ အူရောင်နာမဖြစ်အောင်လည်း ကာကွယ်ပေးသည်။

            ဓာတုဗေဒဆိုင်ရာလေ့လာဆန်းစစ်မှုများအရ ယာကွန်မှာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုနှင့်နာတာရှည် ရောဂါဝေဒနာများကို ကာကွယ်နိုင်သည့် ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ ရသည်။ ဤအစွမ်းသတ္တိက ယာကွန်ဥ၏ ကျန်းမာရေးအကျိုးကျေးဇူးများတွင်းမှတစ်ရပ် ဖြစ်သည်။ လေ့လာမှုများအရ ယာကွန်တွင် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်သည့် ဓာတ်သတ္တုများ ပါဝင်နေပြီး ဖျားနာနိုင်ခြေကို လျှော့ချပေးနိုင်စွမ်းရှိသည်ဟု တွေ့ရှိခဲ့ပါသည်။ ယာကွန်က မကြာခဏ ဆီးသွားစေသည့် ဆီးရွှင်စေသောအစွမ်းသတ္တိများလည်းရှိပါသည်။ ဆီးရွှင်စေသောကြောင့် အဆိပ်အတောက် များကိုဖယ်ရှားပေးပြီး ကျောက်ကပ်တွင်ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများမဖြစ်အောင် ကာကွယ် ဟန့်တားပေးကြောင်း သိရသည်။

            အသည်းသည် ကိုယ်ခန္ဓာအတွက် ဂလူးကို့စ် ထုတ်ပေးရာ အရင်းအမြစ်ဖြစ်သည်။ ယာကွန် စားသုံးခြင်းဖြင့် ဂလူးကို့စ်ကို ပုံမှန်လည်ပတ် ထုတ်ပေးကာ အသည်းကျန်းမာရေးကို အထောက် အကူပြုကာ အသည်းအဆီဖုံးခြင်းကို ကာကွယ် ပေးနိုင်သည်။ ယာကွန်ရွက်ကို အစိမ်းမစားသင့်ပါ။ လက်ဖက်ခြောက် ကဲ့သို့သာ သုံးစွဲသင့်သည်။ တိုက်ရိုက်သုံးစွဲပါက ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။ အဆိုပါ ယာကွန်ရွက် တွင်လည်း အကျိုးပြု အော်ဂဲနစ်ဒြပ်ပေါင်းများစွာပါဝင်သည်။ ယာကွန် ရွက်များတွင်လည်း ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ဖြစ်သည့် Caffeic Acid Ferulic Acid နှင့် Chloro-genic တို့ ပါဝင်နေပါသည်။       

            မှိုပိုးတိုက်ဖျက်သည့် အစွမ်းသတ္တိရှိသည်။ ယာကွန်ရွက်ကို သဲဝဲစား သကဲ့သို့ မှိုပိုးကူးစက် ဝင်ရောက်ခြင်းမျိုးကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ ရောင်ရမ်းမှုကို လျော့ပါးစေနိုင်သည့် အစွမ်းသတ္တိများရှိယာကွန်ဥမှာ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိများ ကြွယ်ဝစွာပါဝင်သောကြောင့် ယာကွန်ဥကို ပုံမှန်စားသုံးခြင်းမှာ သဘာဝဓာတ်တိုးပစ္စည်း ပျက်စီးခြင်းများမဖြစ်အောင် ကာကွယ်ပေး နိုင်ပါသည်။ ယာကွန်မှာ ရောင်ရမ်းမှုကို လျော့ပါးသက်သာ စေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် အဆစ် နာခြင်း၊ အဆစ်ရောင်နာနှင့် ဂေါက်ရောဂါများကြောင့် ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေပါသည်။ ယာကွန်ရွက်နှင့် ယာကွန်ဥနှစ်မျိုးလုံးတွင် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းသတ္တိ များရှိသည်ဟု လေ့လာမှုများအရ အတည်ပြုထား ကြပါသည်။

            ယာကွန်မှ ခန္ဓာကိုယ်ကအရိုးများ ကြံ့ခိုင် သန်စွမ်းရန်အတွက် အရေးပါသည့် ကယ်လစီယမ် နှင့် မဂ္ဂနီဆီယမ်ကဲ့သို့ သတ္တုဓာတ်များရရှိမှုကို တိုးတက်စေခြင်းဖြင့် အရိုးသိပ်သည်းဆကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သဖြင့် အရိုးသိပ်သည်းဆ လျော့ကျလာသည့် အသက်ကြီးသူများ မှီဝဲနိုင်ပါသည်။ ယာကွန်ကို နေ့စဉ်စားသုံးပေးမည်ဆိုပါက အရိုးပွခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာနှင့် Scoliosis (ကျောရိုးစောင်းရောဂါ) ဝေဒနာတို့ ဖြစ်ပေါ်ခံစား ရနိုင်ခြေကို ကာကွယ်ပေးပါသည်။ ယာကွန်က အမျိုးသားများ မျိုးအောင်နိုင်စွမ်းအတွက်သုံးစွဲရန်သင့်တော်သည့် သဘာဝဖြည့်စွက်စာ တစ်မျိုးဖြစ်ပါသည်။

           

            ယာကွန်ဥတွင် အဆီအနည်းငယ်နှင့် ရေဓာတ်အများအပြားပါဝင်မှုကြောင့် ဝသောသူများနှင့် အထူးသင့်လျော်ပေသည်။ လူအများတို့၏ အစာအာဟာရတွင် ယာကွန်ဥပါဝင်လာစေခြင်းဖြင့် ဆီးချိုသွေးချို ဝေဒနာအတွက်သော်လည်းကောင်း၊ ကိုယ်အလေးချိန် လျော့ကျစေလိုသူတို့အတွက် သော်လည်းကောင်း၊ မကောင်းသောအဆီနှင့် ကိုလက်စထရောတို့ကို လျှော့ချခြင်းတို့အတွက် လည်းကောင်း၊ အရိုးအဆစ်များ သန်မာစေခြင်းအတွက်သော်လည်းကောင်း၊ ကင်ဆာကဲ့သို့နာတာရှည်ရောဂါများအတွက်သော်လည်းကောင်း လွန်စွာအထောက်အကူပြုစေကြောင်း သုတေသနတွေ့ရှိချက်များမှ ဖော်ပြထားသည်။

 

‘ဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြားပို့ထုတ်ကုန်ဆီ’

            ယာကွန်ရွက်ကို လက်ဖက်ခြောက် ကဲ့သို့သာ သုံးစွဲနိုင်သဖြင့် green tea ကဲ့သို့ ထုတ်လုပ်ကာ ထုတ်ပိုးမှုသေသပ်လှပစွာဖြင့် ဒေသဈေးကွက်အတွင်းရောင်းချနေကြသော်လည်း နိုင်ငံခြားဈေးကွက်အတွင်း ရောင်းချရန် လိုအပ်နေသေးသည်။ ယာကွန်ရွက်ကို တိုက်ရိုက်သုံးစွဲပါက ကျောက်ကပ်ကို ထိခိုက်စေ နိုင်သည်။ အဆိုပါ ယာကွန်ရွက်တွင်လည်း အကျိုးပြုအော်ဂဲနစ်ဒြပ်ပေါင်းများစွာပါဝင်သည်။ ယာကွန် ရွက်များတွင်လည်း ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ဖြစ်သည့် Caffeic Acid Ferulic Acid နှင့် Chloro-genic တို့ ပါဝင်နေပါသည်။ မှိုပိုးတိုက်ဖျက်သည့် အစွမ်းသတ္တိရှိသည်။ ယာကွန်ရွက်ကို သဲဝဲစား သကဲ့သို့ မှိုပိုးကူးစက် ဝင်ရောက်ခြင်းမျိုးကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။

            အရိုးပွခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာနှင့် Scoliosis (ကျောရိုးစောင်းရောဂါ) ဝေဒနာတို့ ဖြစ်ပေါ်ခံစား ရနိုင်ခြေကို ကာကွယ်ပေးပါသည်။ ယာကွန်က အမျိုးသားများ မျိုးအောင်နိုင်စွမ်းအတွက် သုံးစွဲရန် သင့်တော်သည့် သဘာဝဖြည့်စွက်စာ တစ်မျိုးဖြစ်ပါ သည်။

            ယာကွန်ဥတွင် အဆီအနည်းငယ်နှင့် ရေဓာတ်အများအပြားပါဝင်မှုကြောင့် ဝသောသူများနှင့် အထူးသင့်လျော်ပေသည်။ လူအများတို့၏ အစာအာဟာရတွင် ယာကွန်ဥပါဝင်လာစေခြင်းဖြင့် ဆီးချိုသွေးချို ဝေဒနာအတွက်သော်လည်းကောင်း၊ ကိုယ်အလေးချိန် လျော့ကျစေလိုသူတို့အတွက် သော်လည်းကောင်း၊ မကောင်းသောအဆီနှင့် ကိုလက်စထရောတို့ကို လျှော့ချခြင်းတို့အတွက် လည်းကောင်း၊ အရိုးအဆစ်များ သန်မာစေခြင်းအတွက်သော်လည်းကောင်း၊ ကင်ဆာကဲ့သို့နာတာရှည်ရောဂါများအတွက်သော်လည်းကောင်း လွန်စွာအထောက်အကူပြုစေကြောင်း သုတေသနတွေ့ရှိချက်များမှ ဖော်ပြထားသည်။

             ထို့ကြောင့် ဆီးချို၊  သွေးချိုသမားများ ၊ ရေပြားမှိုရောဂါစွဲကပ်နေသူများ ၊ကင်ဆာကဲ့သို့ နာတာရှည် ရောဂါများအတွက် သကြားအစားထိုး အချိုအဖြစ် အာဟာရဖြည့်စွက် စားသုံးနိုင်သော အရာတစ်ခု ဖြစ်လာရာ ယာကွန်ဉကို အရည်ညှစ်ကာ ညောင်စေးကျသည်အထိ အရည်ကျိုပြီး  အအေးခံကာ ကြံသကာ ကဲ့သို့ ပြုလုပ်ပြီး ကျန်းမာရေးအကျိုးပြု သကြား‌အစားထိုးထုတ်ကုန်အဖြစ် ဈေးကွက်အတွွင်း ထုတ်လုပ် ရောင်းချနိုင်သည်။

            ထိုထုတ်ကုန်များကို ဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြားပို့ ထုတ်ကုန်အဖြစ် ရောက်ရှိရန် အထူးသဖြင့် ဆီးချို၊ သွေးချိုသမားများ၊ ကင်ဆာကဲ့သို့နာတာရှည်ရောဂါများအတွက် ကျန်းမာရေးဟောပြောပွဲများ နှင့်ဆေးဝါးဓာတ်စာ ဖြည့်စွပ်စာများ ၎င်းနှင့်သက်ဆိုင်သော ကုန်ထုတ် စက်ရုံများ နှင့် ချိတ်ဆက်ကာ မြန်မာ့ထုတ်ကုန်မှ ကမ္ဘာ့ထုတ်ကုန်အထိ  တန်ဖိုးမြင့်တင်ကာ ဈေးကွက် ရှာဖွေနိုင်သည်။  

            “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု မြင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းဈေးကွက်မှသည် နိုင်ငံခြားပို့ထုတ်ကုန်အထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ လယ်ယာထွက်ကုန်မှ ကျန်းမာရေးအားဖြည့်စာ အဖြင့် ထုတ်လုပ်ကာ ဒေသတွင်း ဝင်ငွေတိုးတက်ပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်မည့် အခွင့်အလမ်းရှိသော ကျန်းမာရေးကောင်းကျိုးပြု ယာကွန်ဉအကြောင်းလေ့လာသုံး သပ်တိုက်တွန်း ရေးသား အပ်ပါသည်။

DOCa(ရှမ်း)