နစ်နာဆုံးရှုံးမှုမရှိစေရေး www. doca.gov.mm website  ဝင်၍ လေ့လာပေး

Powered by Drupal
Tue, 09/01/2026 - 12:29 -- consumer_admin

 

ယနေ့ ‌ပြောင်းလဲလာသော လူနေမှုဘဝတွင် ကုန်စည်( သို့မဟုတ်) ဝန်ဆောင်မှုများ သုံးစွဲရာတွင် အရည်အသွေးမပြည့်ဝခြင်း၊ သတင်းအချက်အလက် မှန်ကန်ပြည့်စုံမှုမရှိခြင်း၊  ကမ်းလှမ်းကြော်ငြာချက်များနှင့်ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်များသည် စားသုံးသူ များ၏ဘဝတွင် ငွေကြေးဆိုင်ရာအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်းနေ့စဉ်နှင့်အမျှ ထိခိုက် နစ်နာရမှုများရှိနေပါသော်လည်း မြန်မာလူမျိုးသဘာဝအရ အားနာတတ်ခြင်း၊ စားသုံးသူ အခွင့်အရေးနှင့်ပတ်သက်၍ သိရှိလေ့လာမှုအားနည်းခြင်း၊ စားသုံးသူအခွင့်အရေးအရ တောင်းဆို ပိုင်ခွင့်ရှိသည်ကိုသိရှိသော်လည်း တိုင်ကြား၍ဖြေရှင်းလိုစိတ်အားနည်းခြင်းများကြောင့် စားသုံးသူ အခွင့်အရေးများ နစ်နာဆုံးရှုံးလျက်ရှိနေသည်ကို နှမြောတသ ဖြစ်စွာဖြင့်  မျက်မြင်တွေ့ရှိနေရပါ သည်။

မိမိသည်လည်း စားသုံးသူများထဲမှ စားသုံးသူတစ်ဦးဖြစ်သည့်အားလျော်စွာ စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်၍ ပြည့်စုံစွာသိရှိနိုင်ရန်အတွက် www. doca.gov.mm website  အကောင့်သို့ဝင်ရောက်၍ လေ့လာခဲ့ရာ စားသုံးသူအခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ ကုန်ပစ္စည်းဝယ်ယူရာတွင်လေ့လာကြည့်ရှုရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် တိုင်ကြားမှုများအကြောင်း၊ ဥပ‌‌ဒေများနှင့်အမိန့်ညွှန်ကြားချက်များအကြောင်းတို့ကို ပြည့်စုံစွာ သိရှိ ခဲ့ရပါသည်။

အထူးသဖြင့် တိုင်ကြားဖြေရှင်းမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို လေ့လာ ဖတ်ရှုကြည့်သည့်အခါ မိမိတို့နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများ/ နစ်နာမှုများနှင့် ပတ်သက်၍ တိုင်ကြားထားသူများနှင့် ဖြေရှင်းပေးမှုဖြစ်စဉ်များကို သိရှိရပြီး၊ မိမိနှင့်မိမိပတ်ဝန်းကျင်တွင် အဆိုပါနစ်နာမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည်ဟူသော အသိကိုနိုးကြားစေပြီး တိုင်ကြား မှုသည် ပြဿနာဖြစ်စေရန် ရည်ရွယ်ခြင်းမဟုတ်ပဲ မိမိတို့၏ အခွင့်အ‌ရေးများ နစ်နာမှုမရှိစေရေး အတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သိရှိလာစေပါသည်။

မိမိသည် ကုန်စည်တစ်မျိုးကို ရောင်းချသည့်အချိန်တွင် စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးဖြစ် နေမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြန်လည် ဝယ်ယူ ရသည့်အတွက် စားသုံးသူတစ်ဦးပြန်လည်ဖြစ်လာရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ မိမိ သည် စားသုံးသူဖြစ်နေသည့်အချိန်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေသည့် အချိန်တွင် ဖြစ်စေ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အကြောင်းအရာများကို လေ့လာခြင်းအားဖြင့် စားသုံးသူဖြစ်ပါ ကလည်း အခွင့်အရေးများသိရှိပြီးနစ်နာဆုံးရှုံးမှုများကို ကာကွယ်လာနိုင်မည်ဖြစ်ပါသည်။  အလားတူ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အခါတွင်လည်း လိုက်နာရမည့် တာဝန်များနှင့် မိမိတို့

 

ထုတ်ကုန်ပစ္စည်းများကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်း၍ ထုတ်လုပ်ရမည် ဟူသော အသိများရှိသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်လာနိုင်စေပါသည်။

ယင်းအတွက်ကြောင့် မိမိဘဝတိုးတက်ရေးနှင့်စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးတို့အတွက် www. doca.gov.mm website  ဝင်၍ လေ့လာသင့်ပါကြောင်း အကြုံပြု ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)