ကရင်ပြည်နယ် ဒေသတွင်းထွက် “ပဲပုတ်” တန်ဖိုးမြင့် ထုတ်ကုန်များ

Powered by Drupal
Thu, 08/13/2026 - 15:59 -- consumer_admin

 

         ကရင်ပြည်နယ်သည် သဘာဝအရင်းအမြစ် မြေဆီလွှာကောင်းမွန်ပြီး ရေမြေရာသီဥတုသင့် လျော်သော ဒေသတစ်ခုဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးထွက်ကုန်မျိုးစုံဖြစ်ထွန်းသည့် ဒေသတစ်ခု ဖြစ်ပါသည်။ စာရင်းများအရ (၂၀၂၅-၂၀၂၆) ခုနှစ်၊ ကရင်ပြည်နယ်တွင် ပဲပုတ် စိုက် ဧက ( ၁၂၆၆၉ ) ၊ ရိတ် ဧက ( ၁၂၆၆၉ ) ၊ အထွက်နှုန်း တစ်ဧက ( ၁၆.၄၂ ) နှင့် စုစုပေါင်း အထွက်နှုန်း(တင်း) ( ၂၀၈၀၇၂ ) တို့ ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်၏ “ပဲပုတ်(Soybean)” စိုက်ပျိုးထုတ်လုပ်မှုသည် ဒေသခံ တောင်သူများ၏ စီးပွားရေးကိုများစွာအထောက်အကူပြုလျက်ရှိပါသည်။ ထိုစိုက်ပျိုးရေးသည် ဒေသ တွင်း  စားသုံးမှုအတွက်သာမက ပြည်ပပို့ကုန်များအဖြစ်ပါ ဈေးကွက်ခိုင်မာလာနေပြီးဖြစ်ပါသည် ။

မြေပြင်ခြင်းနှင့်မျိုးရွေးချယ်ခြင်း

          ပဲပုတ်များအရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်ရန်အတွက် စိုက်ပျိုးစတွင် ရေနုတ်မြောင်းများ စနစ်တကျဖော်ထုတ်၍ မြေပြုပြင်ရပါသည်။ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ပိုးမွှားဒဏ်ခံ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီးနောက် ပေါင်းမြက် ရှင်းလင်းခြင်း၊ လိုအပ်သောသဘာဝမြေဩဇာ နှင့်ဓာတ်မြေဩဇာများ မျှတစွာကျွေးခြင်း၊ ပိုးမွှားနှင့် ရောဂါကာကွယ်ရေးအတွက် နီးကပ်စွာစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ရိတ်သိမ်းခြင်း နှင့်အခြောက်ခံခြင်းအနေဖြင့် ပဲတောင့်များ အဝါရောင်ပြောင်းပြီး အရွက်များကြွေကျချိန်တွင် စနစ်တကျ ရိတ်သိမ်းကြပါသည်။

ရိတ်သိမ်းပြီးနောက် စိုထိုင်းဆလျော့ နည်းစေရန် ပထမအဆင့် နေလှန်းအခြောက်ခံကြပါ သည်။ ပဲခြွေရာတွင် နည်းစနစ်တကျခြွေလှေ့ ၍ အမှိုက်သရိုက်၊ ပဲဖျင်းများနှင့် မျိုးမမှန်သည်များကို ဖယ်ရှားကာ အတန်းအစား (Grade) ခွဲခြား၍ စစ်ဆေးရမည်။ ကပြည်နယ်ဒေသထွက် ပဲပုတ်များကို ကုန်ကြမ်းအတိုင်းထုတ်ရောင်းသည်ထက် တန်ဖိုးမြင့်ထုတ်ကုန်( Value-Added Products) များ အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် စီးပွားရေး အရပိုမိုအကျိုးအမြတ်ဖြစ်ထွန်းစေပါသည်။

 စက်မှုနှင့်စားသောက်ကုန်အမျိုးအစား

 ထုတ်လုပ်ရရှိ သည့် ထွက်ကုန်များ ၊ စားသောက်ကုန်အဆင့် (Food Grade) ၊ ပဲပုတ်ဆီ၊ ပဲနို့၊ တို့ဖူး၊ ပဲပုတ်ချဉ်/ ပဲပုတ်ခြောက်၊ အကူထုတ်ကုန်(Co-prpducts) ၊ ပဲဖတ် (Soybean Meal)၊ စက်မှုကုန်ကြမ်း (Industrial Use)၊ပဲပုတ်လက်စီသင်း (Lecithin)၊ ပဲပုတ်ပရိုတင်း တို့ဖြစ်ကြပါသည်။

ပြည်တွင်း စားသုံးမှုမြင့်မားခြင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပဈေးကွက်များမှ ပဲပုတ်နှင့်ပဲပုတ်ထွက်ကုန်များကို ဝယ်လိုအား စဉ်ဆက်မပြတ်ရှိနေပါသည်။ ပဲပုတ်ကုန်ကြမ်း အဖြစ်ရောင်းချခြင်းထက် ပဲပုတ်ဆီသန့်စင်ထုတ်လုပ်ခြင်း (သို့မဟုတ်) တိရစ္ဆာန်အစာ အတွက် ပဲဖတ်အဖြစ် ပြုပြင်ထုတ်လုပ်ခြင်းတို့သည် ပို့ကုန်တန်ဖိုးကို ၂ ဆမှ ၃ ဆအထိ တိုးတက်စေကြောင်း တွေ့ရှိရပါသည်။ ဒေသတွင်းရာသီချိန်နှင့် သီးနှံအရည်အသွေးပေါ်မူတည်၍ ပုံမှန်ပေါက်ဈေးရှိသော်လည်း ပြည်ပပို့ကုန် Grade မီသော ပဲပုတ်များမှာ ဈေးကောင်းပိုမိုရရှိပါသည်။ တန်ဖိုးမြင့်ထွက်ကုန်ဈေးနှုန်း

အရည်အသွေးမြင့် ပဲပုတ်ဆီနှင့်စက်ရုံသုံးပဲဖတ်များမှာ ပြည်ပဈေးကွက်တွင် ခိုင်မာသောဈေး နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အမြတ်ရာခိုင်နှုန်း ပိုမိုမြင့်မားပါသည်။ ကရင်ပြည်နယ်မှထွက်ရှိ သောပဲပုတ်သည် ဒေသတွင်းစိုက်ပျိုးရေးစီးပွားရေးအတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်ကို အဆင့်မြင့် နည်းပညာများဖြင့်ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထွက်ကုန် များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ပါက တောင်သူများ၏ဝင်ငွေကို တိုးတက်စေရုံတင်မကဘဲ နိုင်ငံခြားဝင်ငွေကိုပါ ပိုမိုရှာဖွေပေးနိုင်မည်ဖြစ်ပါသည်။

         ကရင်ပြည်နယ်အတွင်း ဒေသထွက်ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှုမှသည် တန်ဖိုးမြင့်ထုတ်ကုန် များ (Value-added products) အဖြစ် ပြောင်းလဲထုတ်လုပ်ကာ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ပုံမှန်ဖြန့်ဖြူးပေးပို့လျက်ရှိကြောင်း ဒေသတွင်းကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရ သည်။ ကရင်ပြည်နယ်၏ သဘာဝမြေဩဇာနှင့်ရာသီဥတု ကောင်းမွန်မှုကြောင့် ထွက်ရှိလာသော ပဲပုတ်များမှာ အရည်အသွေးကောင်းမွန်ပြီး ဒေသတွင်းတွင်ပဲပုတ်ကို အခြေခံ၍ ပဲပုတ်ခြောက်၊ ပဲပုတ်စေ့လှော်၊ ပဲပုတ်စေ့ကြော်၊ ပဲပုတ်အချဉ်(နတ်တို)၊ ပဲပုတ်ဆီနှင့်ပဲပုတ်ဖတ်များအပြင် သဘာဝ အတိုင်း ပြုလုပ်ထားသော ပဲပုတ်အနှစ် အမျိုးမျိုးကို တန်ဖိုးမြင့် ထုတ်လုပ်လာကြသည်။

          ကရင်ပြည်နယ်တွင် ပဲပုတ်တန်ဖိုးမြင့် ထုတ်ကုန်များကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည့်မြို့ကြီးများသို့ အဓိကတင်ပို့လျက်ရှိပြီး ဒေသတွင်း ခေတ်မီစူပါမားကတ်များနှင့် ကုန်စုံဆိုင်များ တွင် ဝယ်လိုအား မြင့်တက်လျက်ရှိသည်။ အိမ်နီးချင်းထိုင်းနိုင်ငံ ဈေးကွက်သို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့်အဓိက တင်ပို့လျက်ရှိပြီး အရည်အသွေးမြင့် ထုပ်ပိုးထားသော ပဲပုတ် ခြောက်နှင့် ပဲပုတ်အနှစ်များကိုပြည်ပရောက် မြန်မာမိသားစုများနှင့် အာရှအစားအစာ ကြိုက်နှစ် သက်သူများအတွက် အထူးမှာယူမှုများရှိ နေကြသည်။

 

ထုတ်ကုန်ဈေးနှုန်းများအနေဖြင့် အောက်ပါအတိုင်း သိရသည်။

ထုတ်ကုန်အမျိုးအစား

ပမာဏ/ရေတွက်ပုံ

ပျမ်းမျှဈေးနှုန်း

(ကျပ်)

 
 

ပဲပုတ်စေ့(rawsoybean)

၁ တင်း

၁၀၉,၀၀၀ - ၁၁၉,၀၀၀ ကျပ်

 

ကရင်ရိုးရာပဲပုတ်ခြောက် (အထုပ်)

၁ ပြား/၁ ထုပ်

,၅၀၀ - ၃,၀၀၀ ကျပ်

 

ပဲပုတ်အချဉ်/အနှစ် (တန်ဖိုးမြင့်ထုပ်ပိုး)

၂၅၀ ဂရမ်

,၀၀၀ - ၆,၅၀၀ ကျပ်

 

         

ယင်း ဈေးနှုန်းများသည် ပြည်တွင်းဈေးနှုန်းများသာဖြစ်ပြီး ပြည်ပ(ထိုင်း)ဈေးကွက်သို့တင်ပို့ရာ တွင် အရည်အသွေးစစ်ဆေးမှုများ အောင်မြင်ပါက ပြည်တွင်းဈေးထက် ၁၅% မှ ၂၀ %  အထိ ဈေးကောင်းပိုမိုရရှိကြောင်း ဒေသခံထုတ်လုပ်သူများကဆိုသည်။

          ဒေသတွင်း တောင်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပဲပုတ်ကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ထုပ်ပိုးမှုနည်းပညာ( Packaging)နှင့် အစားအသောက် ဘေးကင်းလုံခြုံရေး (Food Safety) စံချိန်စံညွှန်းများ ပိုမိုမြင့်မား လာစေရန် နွေ/မိုး ရာသီများတွင် စနစ်တကျကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲထုပ်လုပ်နိုင်ခြင်းကြောင့် ဒေသခံတောင်သူများ၏ ဝင်ငွေကို မြှင့်တင်ပေးနိုင်ရုံမျှမက ကရင်ပြည်နည်၏ ဒေသထွက်ကုန် အမှတ်တံဆိပ်များ ပြည်ပဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိနေကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ကရင်)