ချိုဆိမ့်အရသာရှိသောသြဇာသီး

Powered by Drupal
Mon, 08/10/2026 - 15:50 -- consumer_admin

       သြဇာသီး (Custard Apple) သည်ချိုမြိန်ပြီး အာဟာရဓာတ်ကြွယ်ဝသော အသီးတစ် မျိုးဖြစ်သည်။ သြဇာသီးတွင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ မြန်မာပြည်တွင် “သြဇာ” ဟူသော အတိတ်နိမိတ်ကိုကောက်၍ သြဇာတိက္ကမ ဘုန်းတန်ခိုးကြီး ရန်ဟူသောယုံကြည်မှုဖြင့် ဘုရားနှင့် သံဃာတော်များကို သြဇာသီးဖြင့် လှူဒါန်းလေ့ရှိကြသည်။ သြဇာပင်များကို မြန်မာနိုင်ငံရှိနေရာအနှံ့အပြားတွင်တွေ့နိုင်ပါ သည်။ သြဇာသီးကို အစေ့ပျိုး၍လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်းကောင်း အပင်ပျိုး ၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍စိုက်ခြင်းသာပြုကြသည်။ ပြည်ခရိုင်တွင်သြဇာ ပင်ကို စီးပွားရေးလုပ်ငန်း တရပ်အနေဖြင့်ကျယ်ကျယ်ပြန့်ပြန့််စိုက်ပျိုးကြသည်။ ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိတောင်ကုန်းတောင်စွယ်များ၏ အရှေ့ဘက်တောင်စောင်းတစ်လျှောက် တွင်သြဇာခြံများကို စနစ်တကျစိုက်ပျိုးထားကြောင်းတွေ့ရသည်။

      ရာသီအလိုက်ပေါ်သော သစ်သီးဝလံမျိုးဖြစ်သည့်အပြင် ချိုချိုအေးအေး၊ အရသာရ ရှိ၍ကျန်းမာရေးအတွက်လည်းကောင်းကျိုးပြုပါသည်။ အိန္ဒိယဆေးကျမ်းများတွင် သြဇာသီး သည် နလန်ထသူများအတွက်အကျိုးများလှသည်ဟုဆိုသည်။ သြဇာ သီးတွင်ဗီတာမင် B6 ပါဝင်ပြီး လေပြွန်ရောင်ရမ်းခြင်းများကို ကာကွယ်ပေးနိုင်ပါသည်။ သြဇာသီးတွင်ဓာတ် တိုးဆန့်ကျင်ပစ္စည်းများလည်းပါဝင်သောကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်သကဲ့သို့ ကိုယ်ခံအားစနစ်ကောင်းမွန်ရန် အတွက်လည်းအ ထောက်အကူပြုပါသည်။ သြဇာသီးတွင် ပိုတက်စီယမ်ဓာတ်ပါဝင်သောကြောင့်နှလုံးကျန်း မာရေးကို ကောင်းစွာအထောက်အကူပြုသည်။ သွေးဖိအားကိုလည်း လျော့ကျစေသော ကြောင့်သွေးတိုးခြင်းမှကာကွယ်ပေးနိုင်ပါသည်။ သြဇာသီးတွင်အစာချေစနစ်အတွက်အရေး ကြီးသည့် ကော့ပါးဓာတ်နှင့် အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ပါသည်။ ထို့ကြောင့် ဝမ်းချုပ် ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာပြသနာများကို လျော့နည်းသက်သာစေနိုင်ပါသည်။

      ခန္ဓာကိုယ်တွင်သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်လာသော သွေးအားနည်းခြင်းကို လည်းကာကွယ်ပေးနိုင်ပါသည်။ သြဇာသီးတွင်ကင်ဆာရောဂါကို ဆန့်ကျင်ပေးသောဓာတ် များပါဝင်ပါသည်။ သြဇာသီးတွင်ပါဝင်သည့် Acetogenen နှင့် Alkaloids ဓာတ်များသည် ကင်ဆာ အကျိတ်ဆဲလ်များ၏ကြီးထွားမှုများကို တားဆီးပေးနိုင်ပါသည်။ သြဇာပင်၏အရွက်ပြုတ်ရည်သည် အဆစ်အမြစ်နာကျင်ခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ ၎င်းမှာ မဂ္ဂနီစီယမ်ဓာတ်ပါဝင်သောကြောင့် အဆစ်အမြစ်များကြောင့်ဖြစ်ပေါ်သော ရောင်ရမ်းမှုများ ကိုလည်းသက်သာစေပါသည်။  ထို့နောက် သြဇာသီး၏ အစေ့သည် ဆံသားကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ သြဇာစေ့သည် အဆိပ်ရရှိ၍ စားသုံးရန်မသင့်သော်လည်း အင်းဆက်ပိုးမွှားများကို သတ်ပေးနိုင်သဖြင့် ထို့အစေ့ကိုထောင်းကာ ဝဲနှင်းခူနာများအပေါ် ဖြူးပြီးပိုးသတ်ပေးနိုင်ပါသည်။

      ထို့ကြောင့် အရသာလည်းရှိ၊ကျန်းမာရေးအတွက်လည်းကောင်းကျိုးပြုသော ရာသီစာ သီးနှံတစ်မျိုးဖြစ်သည်။ သြဇာသီးသည် ကျန်းမာရေးအတွက်အထောက်အကူပြုသကဲ့သို့ အလွန်အကျွံစားရန်လဲမသင့်ကြောင်း အကြံပြုအပ်ပါသည်။

DOCA(ကယား)