နှမ်းဆီ၏ကျန်းမာရေးအကြောင်းတစ်စေ့တစ်စောင်း

Powered by Drupal
Fri, 08/07/2026 - 13:21 -- consumer_admin

             အညာဒေသဖြစ်သော မြင်းခြံမြို့နယ်တွင် ဟင်းချက်ရန်အတွက် မြေပဲဆီကိုသာအသုံးများ ကြပြီး နှမ်းဆီသည်ခါးသက်သက် အရသာရှိသောကြောင့် ဟင်းချက်ရာတွင်အသုံးနည်းသည်။ နှမ်းဆီသည် အာဟာရဓာတ်များကြွယ်ဝပြီး ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော စားသုံးဆီ တစ်မျိုးဖြစ်သည်။ နှမ်းဆီတွင်ပါဝင်သော အာဟာရဓာတ်များနှင့် နှမ်းဆီတွင် ပြည့်ဝဆီပါဝင်မှု နည်းပြီး မပြည့်ဝဆီများဖြစ်သော (Omega-3, Omega-6) များ ကြွယ်ဝစွာပါဝင်သည်။ ဗီတာမင် E နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ပါဝင်သည့်အပြင် ကော့ပါး၊ ဇင့်၊ မဂ္ဂနီစီယမ်၊ သံဓာတ်နှင့် ကယ်လ်ဆီယမ်တို့ ပါဝင်သည်။

         ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် နှမ်းဆီသည် သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ပေးသည်။ နှမ်းဆီတွင်ပါဝင်သော မဂ္ဂနီဆီယမ်နှင့် antioxidants များသည် သွေးဖိအားကိုထိန်းညှိပေးပြီး သွေးတိုးရောဂါကို သက်သာစေသည်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်သဖြင့် ဆီးချိုဝေဒနာရှင်များ အတွက် သင့်တော်သည်။ ကယ်လ်စီယမ်နှင့် ဇင့်ဓာတ်တို့ကြောင့် အရိုးပွရောဂါကို ကာကွယ်ပေးပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေသည်။ နှမ်းဆီသည် အရေပြားကို အစိုဓာတ်ထိန်း ပေးပြီး၊ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးကာ ဆံပင်သန်စွမ်းစေရန် ကူညီပေးသည်။ နှမ်းဆီ ၏အရသာသည် ခါးသက်သက်ရှိသော်လည်း ဟင်းချက်ရာတွင် သုံးစွဲနိုင်သလို၊ အထူးသဖြင့် နှမ်းနက် ဆီသည် ဆေးဖက်ဝင်မှု အကောင်းဆုံးဖြစ်သည်။

          နှမ်းဆီတွင် ပြည့်ဝဆီပါဝင်မှုနည်းပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှမ်းဆီက ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး တိုက်ဖျက် ပေးနိုင်ပါတယ်။ အသားအရေလှပမှုအတွက် အသုံးပြုပေးလို့ရပါတယ်။ အသားအ‌‌‌ရေ လှပလာစေရန် နှမ်းကိုပုံမှန်စားသုံးပေးခြင်း တစ်ပတ်တစ်ကြိမ် ကိုယ်ခန္ဓာပေါ်၌ ပွတ်လိမ်းပေးခြင်းဖြင့် အသားအရေ ကို ဝင်းလက်တောက်ပစေကြောင်း နှမ်းဆီကပေးသောကျန်းမာရေးနှင့်အာဟာရအကြောင်းသိရှိသမျှ‌ရေးသား လိုက်ပါတယ်။

DOCA(မန္တလေး)