ခါးသက်သက်အရသာ “ကြက်ဟင်းခါးသီး”

Powered by Drupal
Fri, 07/31/2026 - 19:53 -- consumer_admin

 

          ကြက်ဟင်းခါးသီးသည် အပူပိုင်းဒေသ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။အာရှနှင့် အိန္ဒိယ အစားအစာများ (Ayurveda) ကဲ့သို့သော တိုင်းရင်းဆေးစနစ်များတွင် တွင်ကျယ်စွာအသုံးပြုသည်။ ကြက်ဟင်းခါးသီးတွင်၏ထူးခြားချက်ဖြစ်သော ခါးသောအရသာကိုပေးစွမ်းနိုင်သော  momordicin ဟု ခေါ်သောဒြပ်ပေါင်းပါဝင်ပြီး လူတိုင်း၏ အနှစ်သက်ဆုံးစားအစားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပင်မယ့် လူတိုင်း၏ကျန်းမာရေးအကျိုး ကျေးဇူးများစွာကို ပေးဆောင်နိုင်ပြီး ကျန်းမာရေးအတွက် အစွမ်းထက် ဆုံး ဟင်းသီးဟင်းရွက်များထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။

          ကြက်ရင်းခါးသီးသည် အရသာခါးသော်လည်း အာဟာရဓာတ်များစွာကိန်းအောင်းပါဝင်နေ သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ကြက်ဟင်းခါးသီးတွင် ဗီတာမင် C၊ ဗီတာမင် A နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားစနစ်က ရောဂါပိုးများကိုတိုက်ဖျက်ပေးနိုင်ပါ သည်။ဆဲလ်များပျက်စီးခြင်းနှင့် ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်သော ဖရီရယ်ဒီကယ်များကို ချေဖျက်ပေး သည်။ထို့ကြောင့်၎င်းကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားကောင်းစေခြင်း ဖြင့် သာမန်အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးမွှားများနှင့် ဓာတ်မတည့်ခြင်းမှကာကွယ်ပေးနိုင်သည်။အမျှင် ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အူလမ်းကြောင်းကိုချောမွေ့စေပြီး အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ် ခြင်းကိုလျော့နည်းစေနိုင်သည်။ကြက်ဟင်းခါးသီးသည် အူသိမ်အူမများကိုသဘာဝအတိုင်း သန့်စင်ပေး သည့် ဝမ်းနုတ်ဆေးပါရှိသည်။ထို့ကြောင့် ဝမ်းချုပ်ခြင်း သို့မဟုတ် အစာခြေနှေးခြင်းတို့ ခံစားရပါက ကြက်ဟင်းခါးသီးက ကူညီပေးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်၍ သဘာဝဓာတ် ပစ္စည်းများပါဝင်သော်လည်း ဆီးချိုဆေးသောက်နေသူများတွင် သွေးချိုကျလွန်းနိုင်သောကြောင့် သတိ ထားသင့်ပါသည်။ကယ်လိုရီနည်းပြီး အာဟာရဓာတ်များသောကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်း ရာတွင် အထောက်အကူဖြစ်နိုင်သည်။အချိန်ကြာကြာဗိုက်ပြည့်နေအောင်ကူညီပေးပြီး အလွန်အကျွံဆာ လောင်ခြင်းကို ကာကွယ်ပေးပါသည်။ကြက်ဟင်းခါးသီးသည် ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ခန္ဓာ ကိုယ်မှသိုလှောင်ထားသောအဆီများကို စွမ်းအင်အတွက်အသုံးပြုရန်ကူညီပေးသည့် အင်ဇိုင်းများကို အသက်ဝင်စေခြင်းဖြင့် အဆီလောင်ကျွမ်းမှုကို ထောက်ပံ့ပေးသည်။ ကြက်ဟင်းခါးသီးသည် ဆီးချိုရော ဂါအတွက် သဘာဝဆေးတစ်လက် အဖြစ်လူသိများသည်။ ၎င်းတွင်   charantin  နှင့်  polypeptide-p  ကဲ့သို့သော   ဒြပ်ပေါင်းများပါဝင်ပြီး   ခန္ဓာကိုယ်ရှိ  အင်ဆူလင်၏   လုပ်ဆောင်မှုကို   တုပနိုင်သည်။

       ဤဒြပ်ပေါင်းများသည် သွေးတွင်းဂလူးကိုစ့်အဆင့်ကို လျှော့ချရန်နှင့် အင်ဆူလင်၏ အာရုံခံနိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါသည်။ ကြက်ဟင်းခါးဖျော်ရည် သို့မဟုတ် ကြက်ဟင်းခါးသီးကို ပုံမှန်သောက်သုံး ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်မြင့်မား နေသူများကိုပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေသည်။ ကြက်ဟင်းခါးသီးသည် နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုသည်။ ကိုလက်စထရော (HDL) ကိုတိုးတက်ကောင်းမွန်စေပြီး မကောင်းသော ကိုလက်စထရော (LDL)နှင့် Triglyceride အဆင့်များကို လျှော့ချပေးပါသည်။၎င်း၏အမျှင်ဓာတ်ပါဝင်မှုသည် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးလွတ် ကြောပိတ်ဆို့ခြင်းအန္တရာယ်ကို လျှော့ချပေးသည်။ထို့ကြောင့် နှလုံးကျန်းမာရေးနဲ့ညီညွတ်သော အစား အစာက နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်းကို လျှော့ချပေးနိုင်ပါသည်။ဗီတာမင် A နှင့် beta-carotene ကြွယ်ဝသော ကြက်ဟင်းခါးသီးသည် မျက်စိအား‌ကောင်းစေပြီး ညဘက်မျက်စိကွယ်ခြင်းနှင့် အတွင်း တိမ်ကဲ့သို့သော အခြေအနေများကို လျှော့ချပေးသည်။ပုံမှန်စားသုံးခြင်းသည် မျက်စိကျန်းမာရေးကို အထောက်အကူပြုပြီး အသက်ကြီးလာသည်နှင့်အမျှ မျက်စိမှုံဝေဝါးခြင်းကို ကာကွယ်ပေးသည်။ ကြက်ဟင်းခါးသီးကို တိုင်းရင်းဆေးတွင် မကြာခဏဆိုသလို ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်း၊ အအေး မိခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် အသုံးပြုကြပါသည်။ ချွဲထွက်နှုန်း ကို လျှော့ချပေးပြီး အသက်ရှူရလွယ်ကူစေသည်။၎င်း၏ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများ ကလည်း အသက်ရှူလမ်းကြောင်းအတွင်း ယားယံမှုကိုသက်သာစေသည်။

          ကြက်ဟင်းခါးသီးကို ကျန်းမာရေးနှင့် ညီးညွှတ်ပြီးအရသာရှိသော နည်းလမ်းများစွာဖြင့် စားသုံး နိုင်ပါသည်။ (momordicin)ဟုခေါ်သော ခါးသက်သည့်အရသာကို ပေးစွမ်းနိုင်သော ဒြပ်ပေါင်းပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုလည်းပေးဆောင်နိုင်သည်။သွေးတွင်းသကြားဓာတ်ကိုထိန်ညှိပေး ပြီး အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ နှလုံး၊ အသည်းနှင့်အရေပြားကျန်းမာရေးကိုပံ့ပိုးပေးသည့် အနေဖြင့် ၎င်းသည် အလုံးစုံကျန်းမာရေးအတွက် အစွမ်းထက်ဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။

DOCA(ကယား)